ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့တွင် ရန်ကုန်မြို့မှ နေရပ်ပြန် ကျောင်းသား (၄) ဦးထံတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိပြီး ကိုဗစ်ရောဂါကာကွယ်နိုင်ရန်အတွက်အခက်အခဲနှင့် ကြုံနေရကြောင်း ပလက်ဝမြို့ အုပ်ချုပ်ရေးမှုး ဦးအောင်လောဟာကပြောသည်။
“သူတို့(၄)ယောက်က ဒီမှာရောက်တော့ Facility Quarantine ကို မြို့မမှုလွန်ကျောင်းမှာထား လိုက်တယ်။ ရောက်ရောက်ချင်း ရောဂါလက္ခာစစ်ဆေးတော့မတွေ့ဘူး ရန်ကုန်ပြန်ဆိုတော့ကွာရန်တင်းထားတယ်။ဒီနေ့ (၃) ရက်မြောက်နေ့မှာထပ်စစ်တော့ ဒီမနက်ကျမှ ပိုးတွေ့တာ၊သူတို့ကကျောင်းသားတွေပါ။ ပိုးတွေ့လူနာရှိလာတော့ အခက်ခဲတွေကရှိတာပေါ့ ကျွန်တော်တို့စီမှာ ကုတင်တွေလည်းမရှိဘူး ကျန်းမာရေးဌာနကရသေ လာက်ယူတယ်၊ ပြီးတော့လူငယ်သင်တန်းကျောင်း န.တ.လ ကကျောင်းကပိတ်ထားတော့ သူတို့စီက ငှားရတယ်၊ စာသင်ကျောင်းမှာက ရေ၊မီး၊ အိမ်သာ၊ရေချိုးခန်း၊ တို့အပြည့်အစုံမရှိတော့ယာယီပြန်လုပ်ရ တာပေါ့၊” ဟု ဦးအောင်လောဟာကပြောသည်။
အဆိုပါကျောင်းသား (၄) ဦးမှာ ပလက်ဝမြို့၊မြို့မရပ်ကွက်တွင် နေထိုင်ကြသော သူများဖြစ်ကြပြီး လက်ရှိတွင် ပလက်ဝမြို့ ပြည်သူ့ဆေးရုံနှင့်အနီးဆုံးဖြစ်သောနိုင်တင်းဂေးခန်းမအဆောင်တွင်ဆေး ကုသမှုခံယူနေကြောင်း သိရှိရသည်။ပလက်ဝမြို့ပေါ်တွင် လမ်းကြောင်းများ ပိတ်ထားသဖြင့် ဒီဇယ်ဆီမလုံလောက်မှုကြောင့် တရက်လျှင်လျှပ်စစ်မီး (၃) နာရီခန့်သာ ဖြန့်ဖြူးပေးနိုင်သည့်ကာလတွင် ကိုဗစ်နိုင်တင်းရောဂါပိုးတွေ့ရှိမှုရှိလာသောကြောင့် ဆေးကုသရာတွင် အခက်အခဲရှိနိုင်ကြောင်း ဒေသခံများထံမှ သိရသည်။
ကိုဗစ်တွေ့လူနာ များနှင့် ကွာရန်တင်းဝင်သူများထားရှိနိုင်ရန်အတွက်ကွာရန်တင်းစင်တာများ ကြိုတင်ပြင်ဆင်မှု၊ နေထိုင်စားသောက်ရေးအပိုင်းများပြင်ဆင်မှုတွေတွင်အခက်ခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း၎င်းက ဆက်ပြောသည်။
“စားရေးသောက်ရေးကလည်း ကျွန်တော်တို့ပြည်နယ်အစိုးရကိုပြန်တင်ပြရတယ်၊လူတ ယာက်ကိုတရက် (၃၅၀ဝ) နဲ့ပေးတယ်၊ကျွန်တော်တို့စီမှာတော့ ထမင်းဆိုင်မှာဈေးအသက်တာဆုံး တနပ်ကို(၂၀ဝဝ)နဲ့လူတစ်ယောက်က တရက်၂ခါစားရင် (၄၀ဝဝ) ကျတယ်ဆိုတော့ ကိုယ်က (၅၀ဝ) ပြန်စိုက်ရတယ်တရေစာတွေကမပါသေးဘူး၊” ဟု ပလက်ဝမြို့ အုပ်ချုပ်ရေးမှုး ဦးအောင်လောဟာ ကပြောသည်။
ပလက်ဝမြို့တွင် ကိုဗစ်နိုင်တင်းရောဂါကူးစက်မှု့ရှိလာသည့်အတွက် မြို့ပေါ်နေပြည်သူများသည် စိုးရိမ်ပူပန်မှု နှင့်ထိတ်လန့်မှု့များရှိသည့်အပြင် ကိုဗစ်ဖြစ်ပွားသော နေရပ်မှပြန်လာသူများကို လက်မခံစေချင်ကြောင်း ပလက်ဝမြို့ဒေသခံ ဆရာမအောင်မဖြူကပြောသည်။
“ကိုဗစ်တွေ့တယ်လို့သတင်းရတော့ အကုန်လုံးထိတ်လန့်ကုန်တာပေါ့ ၊အားလုံးကကြောက် နေကြတယ်။ ဈေးဆိုင်တွေကလည်း ပိတ်ကြပြီ စားကုန်သောက်ကုန်တွေလည်းဘယ်လို လုပ်ကြမလဲစိုးရိမ်ကြတာပေါ့၊ လမ်းကလည်းမဖွင့်ပေမယ့်ဒီကိုဗစ်ဖြစ်တဲ့နေရာကနေလာတယ်ဆိုတော့ကျွန်မတို့က မလာရင်ပိုကောင်းမှာဆိုပြီး ပြည်သူတွေဆွေးနွေးတိုင်ပင်တာတွေရှိကြတယ်” ဟု မအောင်မဖြူကပြောသည်။
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့တွင် လက်ရှိတွင်ကိုဗစ်ပိုးတွေ့လူနာ (၄) ဦးရှိပြီး ကွာရန်းတင်း ဝင်သူ (၃၁) ဦးရှိပြီး လက်ရှိကွာရန်တင်းဝင်ရောက်သူများမှာ ရှမ်းပြည်နယ် မူဆယ်၊ စစ်တွေ၊ ကျောက်တော် မှ ရောက်ရှိလာသူများ ဖြစ်ကြောင်းသိရသည်။







