စစ်တွေထောင်ရောက်ကျောင်းသား ၄ ဦးကို ရုံးမထုတ်ဘဲ ဒုတိယအကြိမ်ချုပ်မိန့် ၁၄ ရက်ထပ်ယူ

စစ်တွေထောင်ရောက်ကျောင်းသား ၄ ဦးကို ရုံးမထုတ်ဘဲ ဒုတိယအကြိမ်ချုပ်မိန့် ၁၄ ရက်ထပ်ယူ

ထွန်းခိုင် - အစိုးရကို ဆန့်ကျင်ဆန္ဒပြ၍ ဖမ်းဆီးခံထားရသည့် စစ်တွေမှကျောင်းသား ၄ ဦးကို ယနေ့ တရားရုံးထုတ်ရမည်ဖြစ်သော်လည်း ရုံးထုတ်လာခြင်းမရှိဘဲ ဒုတိယအကြိမ် နောက်ထပ် ၁၄ ရက်ချုပ်မိန့်ယူသွားကြောင်း သတင်းရရှိသည်။

၎င်းကျောင်းသားများ၏ အမှုကို လိုက်ပါဆောင်ရွက်နေသူ တရားလွှတ်တော် ရှေ့နေ ဦးကျော်ညွန့်မောင်က “  အချုပ်တရားခံတွေ ဘယ်တရားခံကိုမှ ရုံးမထုတ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကိုဗစ်ကာလ ဖြစ်နေတဲ့ အတွက်ကြောင့် ရောဂါပြန့်ပွားမှာကို စိုးရိမ်တဲ့အတွက် တရားခံတွေကို ရုံးမထုတ်ဘဲထားတာဖြစ်ပါတယ်။ နောက်သူတို့ကို နှစ်ပတ် ရုံးချိန်းချိန်တယ်။ ဒီဇင်ဘာလ ၁ ရက်နေ့ကို ရုံးချိန်းလိုက်တယ်” ဟု နိရ ဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

၎င်းကျောင်းသား ၄ ဦးမှာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဘက် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူ ပညာရေး ကောလိပ်ကျောင်းသား သမဂ္ဂက တွဲဘက်အတွင်းရေးမှူး ကိုမြတ်စိုးဝင်းနှင့် ဒဂုံတက္ကသိုလ် ရခိုင်ကျောင်းသားသမဂ္ဂမှ ကိုကောင်းထွန်း တို့ဖြစ်ကြသည်။

၎င်းတို့ ၄ ဦးကို အောက်တိုဘာ ၁၉ ရက်နေ့က စစ်တွေတွင် ဖြစ်ပွားခဲ့သည့် အစိုးရကို ဆန့်ကျင် ဆန္ဒပွဲကို ဦးဆောင်ခဲ့မှုဖြင့် ရဲတပ်ဖွဲ့က  နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် တရားစွဲဆိုခဲ့ပြီး နိုဝင်ဘာလ ၃ ရက်နေ့တွင် ပထမတစ်ကြိမ်ရုံးချိန်းခဲ့သော်လည်း ကိုဗစ်ကပ်ရောဂါကြောင့် ရုံးထုတ်လာခြင်းမရှိခဲ့သလို ယနေ့ဒုတိယအကြိမ် ရုံးချိန်တွင်လည်း ရုံးထုတ်လာခြင်းမရှိပေ။

စစ်တွေတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုတိုးတိုးအောင်က “သူတို့က ကိုဗစ်ကိုု အကြောင်းပြပြီးတော့ ရုံးချိန်းမှာ မထုတ်ဘူးလို့ပြောတယ်။ တစ်နိုင်ငံလုံးမှာ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် လူအုပ် သိန်း၊ သောင်းချီ ပြီးတော့ မဲဆွယ်ခဲ့တာတွေရှိတယ်။ အခုဆိုလို့ရှိရင် နေပြည်တော်မှာ ကြံခိုင်ရေးအနေနဲ့ ဆန္ဒပြ နေတာတွေ ရှိတယ်။ ဒီဟာတွေကရော ကိုဗစ်မဖြစ်ဘူးလား။ ဒီမှာ လူ သုံး၊လေးယောက်လောက် ရုံးထုတ်မယ့် ဟာကို ကိုဗစ်ကို အကြောင်းပြပြီးလုပ်နေတာတွေက ကိုဗစ်ဖြစ်လို့၊ ဘာဖြစ်လို့ဆိုပြီး လုပ်နေတဲ့ အရာတွေက မဖြစ်သင့်တဲ့ ကိစ္စလို့ ကျနော်တို့မြင်တယ်” ဟု ပြောသည်။

 ၎င်းကျောင်းသား ၄ ဦးသည် အောက်တိုဘာ ၁၉ ရက်နေ့ နေ့လယ်က ကျောင်းသားများ၊ ရဟန်း သံဃာတော်များ၊ ဒေသခံပြည်သူ ၁ဝဝ ခန့်နှင့် အတူ စစ်တွေမြို့ လမ်းမများပေါ်တွင် ပိုစတာ၊ ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး အစိုးရ အလိုမရှိ၊ နယ်ချဲ့ စစ်တပ် အလိုမရှိ၊ တပ်မတော်နှင့် ရခိုင်ပြည်နယ်အစိုးရတို့ကို အလိုမရှိ စသည့် ကြွေးကြော်သံများကို ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

လာမည့် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅ဝ၅ ဖြင့် စစ်တွေမြို့နယ် တရားရုံးတွင် အမှုကို ဆက်လက် ရင်ဆိုင်ကြရမည်ဖြစ်သည်။

ရခိုင်ရှိ ပင်လယ်ပြင်အတွင်း ကျောက်ချရပ်နားထားသည့် စစ်အုပ်စုပိုင် နေဗီတစ်စီးအား တွေ့ရစဉ်။ (ပုံဟောင်း)
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...
May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...