လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရရှိသွားသည့် ရှောက်ခြုံကျေးရွာသား ၄ ဦး စစ်တွေဆေးရုံသို့ရောက်ရှိ

လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရရှိသွားသည့် ရှောက်ခြုံကျေးရွာသား ၄ ဦး စစ်တွေဆေးရုံသို့ရောက်ရှိ

ထွန်းခိုင် — ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ရှောက်ခြုံကျေးရွာမှ လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိသွားသည့် ကလေး ၂ ဦးနှင့် ၎င်းတို့၏ မိခင်ဖြစ်သူအပါအဝင် ရွာသား ၄ ဦးမှာ  ယနေ့ နံနက် ၈ နာရီကျော်အချိန်ခန့်က ကမ်းထောင်းကြီး တိုက်နယ်ဆေးရုံမှတစ်ဆင့် စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာကြောင်း သိရှိရသည်။

စစ်တွေဆေးရုံသို့ ရောက်ရှိလာသူများမှာ မတင်မေနိုး (၃၁) နှင့် သူမ၏ သားဖြစ်သူ မောင်လင်းလင်းချေ (၆) နှစ်၊ သမီးဖြစ်သူ မတိုးတိုး (၄) နှစ်နှင့် ဦးခင်မောင် (၅၄) တို့ဖြစ်ကြသည်။

ရှောက်ခြုံရွာမှ ဒဏ်ရာရရှိသွားသူ ၆ ဦးရှိရာ မောင်လှမင်းကို (၁၅) နှစ်နှင့် မောင်မောင် (၁၃) နှစ်တို့၏ ဒဏ်ရာမှာ စိုးရိမ်စရာမရှိသည့်အတွက် ကမ်းထောင်းကြီးတိုက်နယ်ဆေးရုံတွင် ဆေးကုသမှု ဆက်လက် ခံယူနေကြောင်း သိရှိရသည်။

စစ်တွေဆေးရုံသို့ ရောက်ရှိလာသူ ၄ ဦးအနက် ဦးခင်မောင်နှင့် မတင်မေနိုးတို့မှာ ဒဏ်ရာပြင်းထန်ကြောင်း မတင်မေနိုး၏ မောင်ဖြစ်သူ ကိုဇော်မိုးသူက ပြောသည်။

“ အခု စစ်တွေကို ရောက်ရှိလာတဲ့ လူ ၄ ယောက်မှာ ကလေးအမေနဲ့ နောက်ဦးလေးတစ်ယောက်က ဒဏ်ရာ ပြင်းတယ်။ ကလေးတွေကတော့ ဒဏ်ရာသိပ်မပြင်းပါဘူး။ ဒါပေမယ့် သူ့အမေက စစ်တွေဆေးရုံမှာ ဆေးကုသမှု ခံယူရမှာဖြစ်တဲ့အတွက်ကြောင့် သူတို့ပါ စစ်တွေဆေးရုံကို လာကြရတာဖြစ်ပါတယ်” ဟုပြောသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁ဝ ရက်နေ့ ညနေ ၇ နာရီအချိန်ခန့်က ကဇူးကိုင်းဘက်ကနေ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်သံကြားရသဖြင့် ရွာသားများမှာ မိမိတို့၏ အိမ်ပေါ်တွင် မနေရဲကြဘဲ ရွာဦး ဘုန်းတော်ကြီးကျောင်းပေါ်သို့ ခိုလှုံရန်သွားကြစဉ် ဘုန်းတော်ကြီး ကျောင်းအနီး လက်နက်ကြီး ကျည်တစ်လုံး ကျရောက်ပေါက်ကွဲသဖြင့် ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သား ၆ ဦး အသီးသီးတွင် ဒဏ်ရာ ရရှိ သွားကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါဖြစ်စဉ်များကြောင့် အိမ်ခြေ ၁ဝဝ ကျော်ခန့်ရှိသော ရှောက်ခြုံကျေးရွာသားများမှာ မိမိတို့၏ နေအိမ်တွင် မနေရဲကြဘဲ ကမ်းထောင်းကြီးမြို့သို့ ထွက်ပြေးခိုလှုံနေကြကြောင်း သိရှိရသည်။

ရခိုင်ရှိ ပင်လယ်ပြင်အတွင်း ကျောက်ချရပ်နားထားသည့် စစ်အုပ်စုပိုင် နေဗီတစ်စီးအား တွေ့ရစဉ်။ (ပုံဟောင်း)
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...
May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...