ZCD ပါတီအမာခံနယ်မြေတွင် NLD အပြတ်သတ်အနိုင်ရ

ZCD ပါတီအမာခံနယ်မြေတွင် NLD အပြတ်သတ်အနိုင်ရ

လားနွန် — ချင်းဝါရင့်နိုင်ငံရေးသမား ပူးကျင့်ရှင်းထန်ဦးဆောင်တဲ့ Zomi Congress for Democracy (ZCD) ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ်အမာခံနယ်မြေဖြစ်တဲ့ ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်နှင့်တွန်းဇံမြို့နယ်တွင် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်(NLD) ပါတီက အပြတ်သတ်အနိုင်ရရှိသွားပြီလို့သိရပါတယ်။

လွှတ်တော်မဲဆန္ဒနယ်မြေ (၅) နေရာရှိတဲ့ တီးတိန်မြို့နယ်မှာ အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ကိုယ်စားလှယ်လောင်းအားလုံးက အနိုင်ရရှိသွားပြီလို့ တီးတိန်မြို့နယ် ပြည်နယ်မဲဆန္ဒနယ်မြေ ၂ တွင် NLD ကိုယ်စားပြုအနေနဲ့ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ချင်းပြည်နယ် သစ်တောဝန်ကြီး ဦးမာန်ဟင်းဒါလ်ကပြောပါတယ်။

“မဲစာရင်းအရတော့ အများစုရပါတယ် တစ်မြို့နယ်လုံးပေ့ါနော် ရှင်းရှင်းပြောရရင် NLD (၅) နေရာလုံးမှာ အဲလိုအနိုင်ရတယ် အတည်ပြုဖို့ ကော်မရှင်မှာတင်ပြထားတယ်” လို့ ဝန်ကြီးဦးမာန်ဟင်းဒါလ်ကပြောပါတယ်။

တီးတိန်မြို့နယ်မှာ တသီးပုဂ္ဂလကိုယ်စားလှယ်တစ်ဦးအပါအဝင် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ စုစုပေါင်း (၆) ပါတီမှ လွှတ်တော်ကိုယ်စားလှယ် (၂၈) ဦးမှ ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။

အလားတူ တွန်းဇံမြို့နယ်မှာလည်း အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် NLD ပါတီက မဲဆန္ဒနယ်မြေ ၂ နေရာမှာ အနိုင်ရရှိပြီး ZCD ပါတီကိုယ်စားလှယ် လက်ရှိချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင့်ထန်နဲ့ ဒေါ်ကျိန်ငိုက်မန်တို့ ၂ ဦး အနိုင်ရရှိခဲ့တယ်လို့သိရပါတယ်။

ZCD ပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ တီးတိန်နဲ့ တွန်းဇံမြို့နယ်မှာ ၆ နေရာအနိုင်ရရှိခဲ့တာဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ယခုလိုဆုံးနိမ့်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ZCD အတွင်းရေးမှူး ဦးဂင့်ကမ်းလျန်က “ZCD ကတော့အခြေအနေမကောင်းဘူး သူတို့ (NLD) ကပိုက်ဆံသုံးတယ်လေ မဲတော့သိပ်မကွာဘူးလေ ဒါပေမဲ့သူတို့က လက်ရှိနယ်မြေခံဝန်ကြီးပါတာကိုး ဝန်ကြီးကလည်းသူတို့ကတတ်နိုင်တာပေါ့ ကိုယ်တို့က ဆင်းရဲသားပါတီဆိုတော့မပေးနိုင်ဘူး၊ အပြိုင်အဆိုင်ဆိုတော့ နိုင်တဲ့လူရှိသလို ရှုံးတဲ့လူလည်းရှိရမှာပေါ့” လို့ ပူးဂင်ကမ်းလျန်ကပြောပါတယ်။

May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...