မဲရုံကိုယ်စားလှယ်(၇၀၀)ကျော်နဲ့ ရွေးကောက်ပွဲ့နေကို မွန်ပါတီ စောင့်ကြည့်မည်

မဲရုံကိုယ်စားလှယ်(၇၀၀)ကျော်နဲ့ ရွေးကောက်ပွဲ့နေကို မွန်ပါတီ စောင့်ကြည့်မည်

မွန်ပြည်နယ်တစ်ဝှမ်းမှာ မဲရုံကိုယ်စားလှယ် (၇၀၀) ကျော်ထားရှိပြီး ရွေးကောက်ပွဲနေ့ကို စောင့်ကြည့်သွားမယ်လို့ မွန်ညီညွတ်ရေးပါတီက ပြောဆိုလိုက်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲရုံတစ်ရုံမှာ မဲရုံကိုယ်စားလှယ်တစ်ဦးနဲ့ အကူကိုယ်စားလှယ်တစ်ဦးထားရှိပြီး ရွေးကောက်ပွဲနေ့မှာ စောင့်ကြည့်ခွင့် ရှိပါတယ်။

မွန်ညီညွတ်ရေးပါတီကတော့ ပြည်နယ်တစ်ဝှမ်းမှာ မဲရုံကိုယ်စားလှယ်(၇၀၀)ကျော် ထားရှိသွားမှာဖြစ်ပြီး ဒီအတွက်လည်း လိုအပ်တဲ့ သင်တန်းတွေကို ပို့ချထားပေးတယ်လို့ ဆိုပါတယ်။

“မဲရုံတိုင်းမှာ တစ်ယောက်စီ စုစုပေါင်း ၇၀၀ ကျော်ရွေးချယ်ထားပြီးပြီ၊ မဲရုံကိုယ်စားလှယ်က အရေးကြီးတယ်၊ ပယ်မဲကိစ္စတွေ၊ ရွေးကောက်ပွဲဥပဒေပါအတိုင်း ကိုက်ညီမှုရှိ မရှိ အဆုံးအဖြတ်ကိုသုံးသပ်ရမှာက မဲရုံကိုယ်စားလှယ်တွေပဲဖြစ်တဲ့အတွက် မဲရုံကိုယ်စားလှယ်တွေရဲ့ သိရှိနားလည်မှုက အင်မတန်အရေးကြီးတယ်၊ တရားမျှတတဲ့ရွေးကောက်ပွဲတစ်ရပ်မှာ မဲရုံကိုယ်စားလှယ်တွေက အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်နေတယ်လို့ အသေအချာပြင်ဆင်ထားတယ်” မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်လယိတမက ပြောပါတယ်။

ပြိုင်ဆိုင်မှုပြင်းထန်တဲ့ဒေသတွေမှာ မသမာမှုတွေရှိလာနိုင်လို့ မဲရုံကိုယ်စားလှယ်တွေအနေနဲ့ နည်းဥပဒေတွေနဲ့ပတ်သက်ပြီး နားလည်ထားဖို့ လိုအပ်တယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေက ဆိုပါတယ်။

“ကိုယ်စားလှယ်လုပ်မယ့်သူတွေက အကုန်လုံးကို စောင့်ကြည့်လေ့လာနေဖို့လိုအပ်ပါတယ်၊ အမြင်စူးရှမှုနဲ့ ပေါင်းသင်းဆက်ဆံရေးပြေပြစ်ဖို့လိုပါတယ်၊ မသမာမှုတွေတွေ့မြင်ခဲ့ရင် ပေါင်းစပ်ညှိနှိုင်းဖို့ ရှုထောင့်အမျိုးမျိုးကနေ မြင်တတ်ဖို့လိုသလို ပြိုင်ဆိုင်မှုပြင်းထန်တဲ့နေရာမှာ မသမာမှုတွေလုပ်လာနိုင်လို့ နည်းဥပဒေတွေနဲ့ပတ်သက်လို့ ကျွမ်းကျင်မှုတွေရှိဖို့လည်း လိုပါတယ်” ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ ဦးအောင်ကိုကိုဦးက ပြောပါတယ်။

တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေကတော့မဲရုံတွေမှာ စောင့်ကြည့်ဖို့ ပြောရဲဆိုရဲရှိတဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ်ထားတယ်လို့ ဆိုပါတယ်။

“မဲရုံတိုင်းမှာကိုယ်စားလှယ်ထားဖို့လုပ်ထားတယ်၊ ကိုယ်စားလှယ်ထားတဲ့နေရာမှာ ပြောရဲဆိုရဲရှိသူတွေကို ရွေးချယ်ထားတယ်”လို့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း နိုင်မျိုးအောင်က ပြောပါတယ်။

  မဲရုံကိုယ်စားလှယ်တွေအနေနဲ့ ဆန္ဒမဲပေးဖို့ လာရောက်သူတွေဟာ မဲဆန္ဒရှင်အစစ်အမှန်  ဟုတ်၊ မဟုတ်၊ မဲလက်မှတ်ထုတ်ပေးတဲ့အခါမှာလည်းပ မှန်ကန်မှု ရှိ၊ မရှိ နဲ့ မဲပေးတဲ့  နေရာမှာလည်း လျှို့ဝှက်မဲပေးတဲ့စနစ် ဖြစ်၊ မဖြစ်တာတွေကို စောင့်ကြည့်အကဲခတ်နေရမှာ ဖြစ်ပြီး မမှန်မကန်တွေ့ရင်တော့ သက်ဆိုင်ရာမဲရုံမှူးကို တင်ပြကန့်ကွက် ရမှာပါ။

မဲစာရင်း ရေတွက်တဲ့အခါမှာလည်း   မဲရုံကိုယ်စားလှယ်တွေအနေနဲ့ဂရုစိုက်လေ့လာရမှာဖြစ်ပြီး ရေတွက်တာ မှန်၊ မမှန်၊  ပယ်မဲသတ်မှတ်ချက်က ဥပဒေနဲ့ ညီ၊ မညီ၊ မဲစာရင်း  ရေးသွင်းတဲ့အခါမှာလည်း မှန်ကန်မှု ရှိ၊ မရှိကို  လေ့လာစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...