ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုကို ထိန်းချုပ်နိုင်ပြီးလို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံပြော

ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုကို ထိန်းချုပ်နိုင်ပြီးလို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံပြော

မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုကို ထိန်းချုပ်နိုင်ပြီလို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောဆိုလိုက်ပါတယ်။

အောက်တိုဘာလ (၁၂)ရက်နေ့အထိ မွန်ပြည်နယ်အတွင်း ကူးစက်ခံရသူကတော့ (၄၀၀)ကျော်ရှိပြီး (၃၀၀) ကျော်ကတော့ ရောဂါပြန်လည်ကောင်းမွန်လို့ ဆေးရုံက ဆင်းခဲ့ပြီး သေဆုံးသူကတော့ (၈) ဦး ရှိခဲ့ပါတယ်။

အာ့ဒီနောက်မှာ ပြည်နယ်အတွင်းက မြို့နယ်တစ်ချို့ကို stat at home နေထိုင်ဖို့အပြင် ညမထွက်ရအမိန့်တွေ ထုတ်ပြန်ခဲ့တာတွေနဲ့ ရပ်ကွက်တစ်ချို့ကို lock down ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာ ထိန်းချုပ်နိုင်ပြီးလို့ အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ ကိုဗစ်-၁၉ ကို မွန်ပြည်နယ်အနေနဲ့ ပြောရရင် ထိန်းချုပ်လို့ရတဲ့ အခြေအနေ ရောက်နေပါပြီး။ အဓိက အချက်ဖြစ်တဲ့ mask တပ်တာရယ် ခပ်ခွာခွာနေတာရယ် လက်ဆေးတာရယ်ကို အထူးပဲ လိုက်နာရင် ၁ လတောင် ကြာမှာ မဟုတ်ဘူး လုံးဝပျောက်ကင်းမှာပါ”လို့ အောက်တိုဘာလ (၉)ရက်နေ့ကလုပ်တဲ့ သတင်းစားရှင်းလင်းပွဲမှာ ဝန်ကြီးချုပ်ဒေါက်တာအေးဇံက ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် လူတစ်ဦးချင်းစီက ကျန်းမားရေးဌာနရဲ့ ညွှန်ကြားချက်တွေဖြစ်တဲ့ mask တပ်ဖို့ ၊ ခပ်ခွာခွာနေဖို့ နဲ့ လက်ဆေးတာတွေကို ဆောင်ရွက်မယ်ဆိုရင် တစ်လအတွင်းမှာ ကူးစက်ခံရသူဟာ (၀) ဖြစ်သွားမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ဒီအပြင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ဖို့နဲ့ ကုန်စည်စီးဆင်းမှု မပြတ်တောက်စေဖို့ကို ပြည်နယ်အဝင်အထွက်ဖြစ်တဲ့  ကျိုက်ထို၊ ရေး၊ သထုံမြို့ ဒုံသမိတံတားအနီး စစ်ဆေးပြီးမှ ပြည်နယ်အတွင်း ဝင်ရောက်ခွင့် ပြုနေတာပါ။

ဒီလိုစစ်ဆေးရာမှာတော့ ကိုဗစ်ပိုး ရှိ/မရှိ Test Kit နဲ့ တစ်ခါစစ်ရင် ယခင်က ငွေကျပ်နှစ်သောင်း ပေးဆောင်ရသော်လည်း ယနေ့ကစပြီး ငွေကျပ်(၁၀၀၀၀)ကျပ်နဲ့ လျော့ချ ကောက်ခံပေးနေပါတယ်။

သတင်း – နွန်နွန်

May 13, 2026
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့မှာ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး...
May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...