ဆလိုင်းအောင်စိုးအား အမြန်ဆုံးပြန်လွှတ်ပေးရန် ဗဟိုချင်းလူငယ်အဖွဲ့တောင်းဆို

ဆလိုင်းအောင်စိုးအား အမြန်ဆုံးပြန်လွှတ်ပေးရန် ဗဟိုချင်းလူငယ်အဖွဲ့တောင်းဆို

နှင်းနှင်း – ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့က ဖမ်းဆီးထားသည့် ချင်းလူငယ်တစ်ဦး ဆလိုင်းအောင်စိုးအား အမြန်ဆုံးပြန်လွှတ်ပေးရန် ဗဟိုချင်းလူငယ်အဖွဲ့အစည်း (Central Chin Youth Organization) က အောက်တိုဘာလ (၃) ရက်နေ့စွဲဖြင့် ကြေညာချက်တစ်စောင်ထုတ်ပြန်ပြီး တောင်းဆိုလိုက်သည်။

ချင်းလူမျိုးများနှင့် ချင်းလူငယ်များအား မတရားဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများကို ကျုးလွန်သည့် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်း၏ လုပ်ရပ်ဟူသမျှ ဗဟိုချင်းလူငယ်အဖွဲ့အစည်းမှ အပြင်းအထန်ကန့်ကွက်ရှုတ်ချပြီး AA တပ်ဖွဲ့အနေဖြင့်လည်း ဆလိုင်းအောင်စိုးကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုသည်ဟု ဗဟိုချင်းလူငယ်အဖွဲ့အစည်း ဥက္ကဌ ဆလိုင်းနိုဘိခ်ထန်ကပြောသည်။

“ကျနော်တို့ ချင်းလူငယ်တစ်ဦးဖြစ်တဲ့ ဆလိုင်းအောင်စိုးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းတွေကမှ ချင်းလူမျိူး၊ ချင်းလူငယ်တွေကို နောက်ထပ်ဖမ်းဆီးတာမျိူး မလုပ်ဖို့ ဒီကနေ လေးလေးနက်နက်တောင်းဆိုပါတယ်’’ ဟု ဆလိုင်းနိုဘိခ်ထန်ကပြောသည်။

ဆလိုင်းအောင်စိုးအပါအဝင် ချင်းလူငယ် (၄) ဦးတို့သည် ပြီးခဲ့သည့်ဇူလိုင်လ (၂၉) ရက်နေ့က ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ ချင်းပြည်နယ် ပလက်ဝမြို့နယ်သို့အပြန် ငသရိုင်းကျေးရွာအနီးတွင် AA တပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းတို့ (၄) ဦးအနက် (၃) ဦးကို သြဂုတ်လ (၂၅) ရက်နေ့က ပြန်လွှတ်တော်ပေးခဲ့သော်လည်း ဆလိုင်းအောင်စိုးသည် ယနေ့ချိန်ထိ ပြန်လည်လွှတ်မြောက်လာခြင်းမရှိသေးပေ။

May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...