ဆလိုင်းအောင်စိုးအား အမြန်ဆုံးပြန်လွှတ်ပေးရန် ဗဟိုချင်းလူငယ်အဖွဲ့တောင်းဆို

ဆလိုင်းအောင်စိုးအား အမြန်ဆုံးပြန်လွှတ်ပေးရန် ဗဟိုချင်းလူငယ်အဖွဲ့တောင်းဆို

နှင်းနှင်း – ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့က ဖမ်းဆီးထားသည့် ချင်းလူငယ်တစ်ဦး ဆလိုင်းအောင်စိုးအား အမြန်ဆုံးပြန်လွှတ်ပေးရန် ဗဟိုချင်းလူငယ်အဖွဲ့အစည်း (Central Chin Youth Organization) က အောက်တိုဘာလ (၃) ရက်နေ့စွဲဖြင့် ကြေညာချက်တစ်စောင်ထုတ်ပြန်ပြီး တောင်းဆိုလိုက်သည်။

ချင်းလူမျိုးများနှင့် ချင်းလူငယ်များအား မတရားဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများကို ကျုးလွန်သည့် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်း၏ လုပ်ရပ်ဟူသမျှ ဗဟိုချင်းလူငယ်အဖွဲ့အစည်းမှ အပြင်းအထန်ကန့်ကွက်ရှုတ်ချပြီး AA တပ်ဖွဲ့အနေဖြင့်လည်း ဆလိုင်းအောင်စိုးကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုသည်ဟု ဗဟိုချင်းလူငယ်အဖွဲ့အစည်း ဥက္ကဌ ဆလိုင်းနိုဘိခ်ထန်ကပြောသည်။

“ကျနော်တို့ ချင်းလူငယ်တစ်ဦးဖြစ်တဲ့ ဆလိုင်းအောင်စိုးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းတွေကမှ ချင်းလူမျိူး၊ ချင်းလူငယ်တွေကို နောက်ထပ်ဖမ်းဆီးတာမျိူး မလုပ်ဖို့ ဒီကနေ လေးလေးနက်နက်တောင်းဆိုပါတယ်’’ ဟု ဆလိုင်းနိုဘိခ်ထန်ကပြောသည်။

ဆလိုင်းအောင်စိုးအပါအဝင် ချင်းလူငယ် (၄) ဦးတို့သည် ပြီးခဲ့သည့်ဇူလိုင်လ (၂၉) ရက်နေ့က ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ ချင်းပြည်နယ် ပလက်ဝမြို့နယ်သို့အပြန် ငသရိုင်းကျေးရွာအနီးတွင် AA တပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းတို့ (၄) ဦးအနက် (၃) ဦးကို သြဂုတ်လ (၂၅) ရက်နေ့က ပြန်လွှတ်တော်ပေးခဲ့သော်လည်း ဆလိုင်းအောင်စိုးသည် ယနေ့ချိန်ထိ ပြန်လည်လွှတ်မြောက်လာခြင်းမရှိသေးပေ။

Most read this week

December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...