ကျင်ဒွေးမြို့ လေကြောင်းတိုက်ခိုက်ခံရကာ အရပ်သား ၁၀ ဦးသေဆုံး

ကျင်ဒွေးမြို့ လေကြောင်းတိုက်ခိုက်ခံရကာ အရပ်သား ၁၀ ဦးသေဆုံး

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅ မိနစ်လောက်မှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၀ ဦးသေဆုံးတယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးပြောတာက “သေဆုံးတာကိုက ၁၀ ဦးလို့ ကြားတယ်။ တော်တော်တော့ ဆိုးတယ်။ ထိခိုက်ဒဏ်ရာရ ဦးရေ အရေအတွက်တော့ မသိရသေးဘူး။ သေဆုံးသူတွေလည်း ကလေးငယ်တွေလည်း ပါဝင်တယ်လို့သိရတယ်” လို့ပြောပါတယ်။

ကန်ပက်လက်မြို့နယ် ၊ ကျင်ဒွေးမြို့ ၊ မုန်းချောင်းတံတား အနီးဝန်းကျင်ကို စစ်အုပ်စုက အဲဒီနေ့ မနက် ၁၀ နာရီ ၁၅ မိနစ်လောက်မှာ ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စစ်အုပ်စုက  တံတားပြုပြင်နေတဲ့ သူတွေကို  လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်တယ်လို့လည်း ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က သတင်းဌာနတချို့မှာဖြေကြားထားပါတယ်။

ကျင်ဒွေးမြို့ကို ချင်းညီနောင် (CB) ၊ အာရက္ခတပ်တော် (AA) နဲ့ PDF ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် ၊ ဧပြီလ ၂၉ ရက်နေ့တွင် စစ်ကောင်စီတပ်စခန်းတွေကို လေးလကျော်ကြာ တိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်   ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ - CJ
September 18, 2026
အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း တိုက်ပွဲများ အချိန်မရွေး ပြန်လည်...
ဓါတ်ပုံ - Crd
September 16, 2026
ချင်းပြည် မြောက်ပိုင်းတွင် PDF – Zoland တပ်ဖွဲ့က ထိန်းသိမ်းထားသည့် စစ်အုပ်စုတပ် စစ်သုံ့ပန်း ၈၀...
မလေးရှားနိုင်ငံ၌ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို အာဏာပိုင်များက စစ်ဆေးဖမ်းဆီးထားစဉ်။
September 14, 2026
မလေးရှားနိုင်ငံတွင် အာဏာပိုင်များက တရားမဝင် ရွှေ့ပြောင်းအခြေချ နေထိုင်သူများကို...
September 12, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်၊ လိုင်တွီး (Laitui) ကျေးရွာတွင် ဒေသခံများ မြေမြှုပ် မိုင်း...