မိုးညှင်းမြို့ ပြည့်သူ့ဆေးရုံရှိ ဖျားနာဆောင်တစ်ခုလုံးကို Covid19 ကုသဆောင်အဖြစ်အသုံးပြုရန်ပြင်ဆင်နေ

မိုးညှင်းမြို့ ပြည့်သူ့ဆေးရုံရှိ ဖျားနာဆောင်တစ်ခုလုံးကို Covid19 ကုသဆောင်အဖြစ်အသုံးပြုရန်ပြင်ဆင်နေ

မိုးညှင်းမြို့နယ်အတွင်းတွင် Covid19 ရောဂါပိုးကူးစက်မှုသည် ရက်ပိုင်းအတွင်း (၆) ဦးထိရှိခဲ့ပြီဖြစ်ပြီး ထပ်များလာပါက ကုသပေးနိုင်ရန်အတွက် ဆေးရုံရှိ ဖျားနာဆောင်တစ်ခုလုံးကို ကုသဆောင်အဖြစ်အသုံးပြုရန် ပြင်ဆင်နေကြောင်း ဆေးရုံအုပ်ဒေါက်တာလာမာမီးကဆိုသည်။

“ Covid Positive ကခြောက်ယောက်ဆိုတော့ Isolation ward မှာက ကိုးယောက်ပဲဆန့်တယ်လေ။ အဲ့တော့ ကိုးယောက်လျှံသွားရင် ကျွန်မတို့က ဖျားနာဆောင်မှာထားရတော့မှာ။ Covid လူနာက ရပ်ရွာကလည်း ဘယ်သူမှထားတာလက်မခံတဲ့အတွက်  ကျန်းမာရေးဝန်ထမ်းကပဲ စောင့်ရှောက်မှာဖြစ်တဲ့အတွက် ဖျားနာ ဆောင်တစ်ခုလုံးကို Covid လူနာကိုထားပြီး ကုသမှာဖြစ်တဲ့အတွက် ပြင်ဆင်နေရပါပြီ။ Covid လူနာကိုပဲ အဓိကထားပြီးကြည့်ပေးဖို့အတွက် ကျွန်မတို့ ဒီအလုပ်ကိုလုပ်နေရပါပြီ။” ဟု ၎င်းက ပြောကြားသည်။

ဆေးရုံသို့ မလိုအပ်ပဲ လာရောက်ခြင်းမပြုပဲ ကျေးလက်ကျန်းမာရေးဌာန၌သာ ကုသရမည်ဖြစ်ပြီး အရေးကြီးလိုအပ်မှ ဆေးရုံတက်ရောက်သင့်ကြောင်း ၎င်းကဆိုသည်။

ကျန်းမာရေးဝန်ထမ်းများကို ကူးစက်မှုများရှိသောကြောင့် ဆေးရုံရှိကျန်းမာရေးဝန်ထမ်းတချို့ကို အနားပေးထားရပြီး တချို့တစ်ဝက်သာ အလုပ်လုပ်လျက်ရှိကြောင်း ၎င်း၏ပြောဆိုမှုအရ သိရသည်။

မိုးညှင်းမြို့တွင် Covid19 ပိုးတွေ့ရှိလူနာများတွင် ကျန်းမာရေးဝန်ထမ်း (၄) ဦးနှင့် အမျိုးသမီးတစ်ဦး ၊ အသက်(၅)နှစ်အရွယ် ကလေးတစ်ဦးပါဝင်သည်။

 လက်ရှိ စတင်ကူးစက်မှုသည် မိုးညှင်းမြို့စည်ပင်သာယာဈေးမှ ဈေးသည်တစ်ဦးဖြစ်ပြီး ခရီးသွားရာဇဝင်မရှိသလို Covid19 အတည်ပြုလူနာများနှင့် ထိတွေ့မှုမရှိသူလည်းဖြစ်သည်။

မိုးညှင်းမြို့တွင် Covid19 ကြောင့်အသွားအလာကန့်သတ်ထားခံရသူ ၆ဝ၉ ဦးရှိကြောင်း ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

မိုးညှင်းမြို့နယ်ရှိ ပြည်သူများသည် မလိုအပ်ပဲအိမ်ပြင်မထွက်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာရသင့်သည်။

July 4, 2026
ပြည်တွင်း၌ ဓာတ်ဆီနှင့် ဒီဇယ်တစ်လီတာလျှင် ကျပ် ၃,၀၀၀ ကျော်အထိ ဈေးနှုန်းများ ကျဆင်းနေသော်လည်း...
၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...
July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...