ရခိုင်နှင့်ပလက်ဝတို့တွင် အင်တာနက်ဖြတ်တောက်မှုကို ဆန့်ကျင်ကန့်ကွက်၍ အရေးယူခံရသူ ၅၂ ဦးရှိ

ရခိုင်နှင့်ပလက်ဝတို့တွင် အင်တာနက်ဖြတ်တောက်မှုကို ဆန့်ကျင်ကန့်ကွက်၍ အရေးယူခံရသူ ၅၂ ဦးရှိ

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် အင်တာနက်ဖြတ်တောက်ထားမှုကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြသော တက်ကြွလှုပ်ရှားသူများအနက် အရေးယူခံရသူ စုစုပေါင်း ၅၂ ဦးရှိကြောင်း အသံအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

စုစုပေါင်း အရေးယူခံရသည့် ၅၂ ဦးအနက် ၁၂ ဦးမှာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး ၂၉ ဦးမှာ တရားရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း၊ ၉ ဦးမှာ ဝရမ်းပြေးအဖြစ် ကြေညာခံထားရပြီး ၂ ဦးမှာ ခံဝန်လက်မှတ် ရေးထိုးထားရကြောင်း ဖော်ပြသည်။

အရေးယူခံရမှာမှုမှာ ၁၇ ကြိမ်ထိ ရှိခဲ့သည်ဟု အသံအဖွဲ့က ပြောကြားသည်။

၎င်းပြင် စက်တင်ဘာ တစ်လတည်းတွင်ပင် ကျောင်းသားတက်ကြွလှုပ်ရှားသူ ၃၉ ဦး အရေးယူခံခဲ့ရသည်ဟု ဆိုသည်။

လက်ရှိအချိန်တွင် တရားစွဲဆိုခံထားရသည့် ကျောင်းသားတက်ကြွလှုပ်ရှားသူများကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေဖမ်းဆီးနေခြင်း၊ နေအိမ်နှင့် သမဂ္ဂရုံးခန်းများအား စီးနင်းရှာဖွေခြင်း၊ ရဲအာမခံ ပေးခွင့်ရှိသည့် ဥပဒေများနှင့် တရားစွဲဆိုရာတွင်လည်း အာမခံမပေးဘဲ ထောင်အချုပ်ဖြင့် တရား ရင်ဆိုင်စေခြင်းတို့ လုပ်ဆောင်နေလျက်ရှိသည်ဟု ဖော်ပြထားသည်။

Most read this week

(ပုံဟောင်း / Crd)
August 22, 2026
ပဲခူးတိုင်း၊ ပြည်မြို့သို့ စစ်သားများ တင်ဆောင်လာသည့် စစ်ကား အစီး ၁၀၀ ကျော် ရောက်ရှိလာကြောင်း ပကဖ...
August 21, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၌ ညအချိန် အလုပ်မှ ပြန်လာသည့် လူငယ်တစ်ဦးကို စစ်အုပ်စုတပ်နှင့် ရဲ...
(ဓာတ်ပုံ - Crd)
August 20, 2026
အမ်း-ပဒါန်းလမ်းရှိ နတ်ရေကန်တောင်သို့ ထိုးစစ်ဆင်နေသည့် စစ်အုပ်စုတပ်၏ စစ်ကူစစ်ကြောင်းများ၏ ယာယီ...
August 20, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်၏ ရှေ့ထွက် အဝတောင် ကာကင်းစခန်းများကို အာရက္ခ...