ရခိုင်နှင့်ပလက်ဝတို့တွင် အင်တာနက်ဖြတ်တောက်မှုကို ဆန့်ကျင်ကန့်ကွက်၍ အရေးယူခံရသူ ၅၂ ဦးရှိ

ရခိုင်နှင့်ပလက်ဝတို့တွင် အင်တာနက်ဖြတ်တောက်မှုကို ဆန့်ကျင်ကန့်ကွက်၍ အရေးယူခံရသူ ၅၂ ဦးရှိ

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် အင်တာနက်ဖြတ်တောက်ထားမှုကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြသော တက်ကြွလှုပ်ရှားသူများအနက် အရေးယူခံရသူ စုစုပေါင်း ၅၂ ဦးရှိကြောင်း အသံအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

စုစုပေါင်း အရေးယူခံရသည့် ၅၂ ဦးအနက် ၁၂ ဦးမှာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး ၂၉ ဦးမှာ တရားရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း၊ ၉ ဦးမှာ ဝရမ်းပြေးအဖြစ် ကြေညာခံထားရပြီး ၂ ဦးမှာ ခံဝန်လက်မှတ် ရေးထိုးထားရကြောင်း ဖော်ပြသည်။

အရေးယူခံရမှာမှုမှာ ၁၇ ကြိမ်ထိ ရှိခဲ့သည်ဟု အသံအဖွဲ့က ပြောကြားသည်။

၎င်းပြင် စက်တင်ဘာ တစ်လတည်းတွင်ပင် ကျောင်းသားတက်ကြွလှုပ်ရှားသူ ၃၉ ဦး အရေးယူခံခဲ့ရသည်ဟု ဆိုသည်။

လက်ရှိအချိန်တွင် တရားစွဲဆိုခံထားရသည့် ကျောင်းသားတက်ကြွလှုပ်ရှားသူများကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေဖမ်းဆီးနေခြင်း၊ နေအိမ်နှင့် သမဂ္ဂရုံးခန်းများအား စီးနင်းရှာဖွေခြင်း၊ ရဲအာမခံ ပေးခွင့်ရှိသည့် ဥပဒေများနှင့် တရားစွဲဆိုရာတွင်လည်း အာမခံမပေးဘဲ ထောင်အချုပ်ဖြင့် တရား ရင်ဆိုင်စေခြင်းတို့ လုပ်ဆောင်နေလျက်ရှိသည်ဟု ဖော်ပြထားသည်။

Most read this week

December 10, 2025
အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားပြီးတိုက်ပွဲတစ်ခါမျှ မဖြစ်ဖူးသေးသည့် ရခိုင်မှ မာန်အောင်မြို့နယ်တွင်...
December 8, 2025
ယခင်ကလက်နက်ကြီးပစ်ခတ်သံများကိုသာ ကြားခဲ့ရပြီး ယခုရက်ပိုင်းအတွင်း စက်သေနတ်နှင့် လက်နက်ငယ်မျိုးစုံ...