ပေါက်တောမြို့နယ်တွင် မိုးကြိုးပစ်ခံရ၍ လူငယ်တစ်ဦးသေဆုံး

ပေါက်တောမြို့နယ်တွင် မိုးကြိုးပစ်ခံရ၍ လူငယ်တစ်ဦးသေဆုံး

ထွန်းခိုင် — ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ စိုင်းတုတ်ကျေးရွာတွင် စက်တင်ဘာ ၂၂ ရက် နံနက် ၉ နာရီကျော်အချိန်ခန့်က မိုးကြိုးပစ်ခံရ၍ ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ စိုင်းတုတ်ကျေးရွာမှ ဦးခင်မောင်ဝင်း၏သား ကိုနေဇော်ဦး အသက် ၁၈ နှစ်ဖြစ်ပြီး ၎င်းမှာ ရွာ၏ အရှေ့ဖက် ၁ မိုင်ခန့် လယ်ကွင်းတွင် ကျွဲကျောင်းနေစဉ် မိုးကြိုးပစ်ခံရ၍ သေဆုံးသွားခြင်းဖြစ်ကြောင်း စိုင်းတုတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစောမောင်သိန်းက ပြောသည်။

“ သူ့က လယ်ကွင်းမှာ ကျွဲကျောင်းနေတယ်။ အဲဒီအချိန်မှာ မိုးကြိုးပစ်လို့ သေတာ။ မိုးက တအားရွာတယ်။ မိုးကြိုးကတော့ တစ်ချက်၊ နှစ်ချက်လောက်ပစ်သံကြားလိုက်တယ်။ မိုးကြိုးမှန်တာကတော့ သူ့ရင်ဘတ်မှာ မှန်သွားတယ်။ သူ့ခန္ဓာကိုယ်၊ တစ်ကိုယ်လုံးနီးပါး မဲသွားတယ်။” ဟု ၎င်းက ပြောသည်။

သေဆုံးသွားသူ၏ ရုပ်အလောင်းမှာ ယခုအချိန်တွင် ပေါက်တောဆေးရုံသို့ ရောက်ရှိနေပြီး ဆရာဝန် စစ်ဆေးချက်များလုပ်ဆောင်၍ ကျေးရွာသို့ ပြန်လည်ယူဆောင်ကာ သင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်အတွင်း ယခု ၂ဝ၂ဝ ခုနှစ်တွင် မိုးကြိုးပစ်ခံရ၍ လူ ၄ ဦးသေဆုံးသွားပြီဖြစ်ကြောင်း သိရှိရသည်။

သေဆုံးသွားသူများမှာ မတ်လ ၃ ရက်နေ့က ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဦးစိုးတင့်ရပ်ကွက်မှ ဆဋ္ဌမတန်းကျောင်းသား မောင်သန်းနု၊ စက်တင်ဘာလ ၁၉ ရက် ညနေ ၆ နာရီအချိန်တွင် စစ်တွေမြို့နယ် ရာတန်ကျေးရွာမှ ကိုမောင်သန်းလင်း (၃ဝ) နှစ်၊  စစ်တွေမြို့နယ်၊ ချောင်းနွယ်ကျေးရွာအုပ်စု၊ ဇော်မတက်ကျေးရွာမှ မအေးဝင်ချေ (၂၃) နှစ်တို့မှာ မိုးကြိုးထိမှန်၍ သေဆုံးသွားကြောင်း သိရှိရသည်။

မိုးကြိုးပစ်ခံရ၍ သေဆုံးသွားသူများကို ငွေကျပ် ၃ သိန်းနှင့် ဒဏ်ရာရရှိသူများကို ငွေကျပ် ၅ သောင်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဦးစီးအရာရှိ ဦးရဲမင်းဦးက ပြောသည်။

May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...
May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...