ကချင်ပြည်နယ်တွင် ရွေးကောက်ပွဲစောင့်ကြည့်မည့်အဖွဲ့ မရှိသေး

ကချင်ပြည်နယ်တွင် ရွေးကောက်ပွဲစောင့်ကြည့်မည့်အဖွဲ့ မရှိသေး

ကချင်ပြည်နယ်တွင် လာမယ့်ရွေးကောက်ပွဲ၌စောင့်ကြည့်ရေးလုပ်ငန်းများလုပ်ဆောင်ရန် လျှောက်ထားသည့် အရပ်ဘက်အဖွဲ့အစည်းမရှိသေးကြောင်းသိရသည်။

ရွေးကောက်ပွဲစောင့်ကြည့်ရေးလျှောက်ထားလိုသူများသည် ပါတီ၊ နိုင်ငံရေးကင်းရှင်းသူများဖြစ်ရမည်ဖြစ်ပြီး မိမိ၏အဖွဲ့စည်းမှတ်ပုံတင်များရှိရန် လိုအပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် က ဆိုသည်။

ကချင်ပြည်နယ်အတွက် ရွေးကောက်ပွဲစောင့်ကြည့်ရန် ကချင်အရပ်ဘက်အဖွဲ့စည်းများပူးပေါင်းပြီး

လျှောက်ထားရန်ပြင်ဆင်နေပြီဟုလည်း Humanity Institute မှ စီမံကိန်းမန်နေဂျာ ဦးဇော်ဖန်းက ဆိုသည်။

“ကချင်ပြည်နယ်တစ်ပြည်နယ်လုံးလွှမ်းခြုံတာဖြစ်တဲ့အတွက် ကချင်ပြည်နယ်မှာ မြို့နယ် ၁၈မြို့နယ်ရှိတယ်။ ဒါပေမယ့် မြို့နယ်တိုင်းမှာ အရပ်ဘက်အဖွဲ့စည်းမရှိတဲ့အတွက် ခရိုင်အလိုက်ဘဲစောင့်ကြည့်လေ့လာဖို့ရှိပါတယ်။ ခရိုင်တိုင်းမှာရှိတဲ့ အရပ်ဘက်ဖွဲ့စည်းများ ပါဝင်မှာဖြစ်တယ်။” ဟု ဆိုသည်။

ထို့ကြောင့် ရွေးကောက်ပွဲစောင့်ကြည့်ခွင့်ကို စက်တင်ဘာလ ဒုတိယအပတ်ခန့်တွင် သွားရောက် လျှောက်ရန် စီစဉ်နေပြီဟုလည်း ဆိုသည်။

ရွေးကောက်ပွဲစောင့်ကြည့်လိုသည့် အဖွဲ့စည်းများအနေဖြင့် လာရောက်လျှောက်ထားနိုင်ပြီဖြစ်သော်လည်း လက်ရှိချိန်ထိ လာရောက်လျှောက်ထားသူမရှိသေးကြောင်း ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်(ခွဲ) က ဆိုသည်။

“စောင့်ကြည့်ခွင့်မှာ တစ်နိုင်ငံလုံးစောင့်ကြည့်လေ့လာခွင့်လျှောက်ထားမယ်ဆိုရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ လျှောက်ထားရမယ်။ ခရိုင်တစ်ခု၊ မြို့နယ်တွေမှာ စောင့်ကြည့်လေ့လာမယ်ဆိုရင် သက်ဆိုင်ရာကိုယ်စောင့်ကြည့်ချင်တဲ့ သက်ဆိုင်ရာကော်မရှင်မှာလျှောက်ထားရမယ်။ ဒါပေမယ့် ခုလောလောဆယ်ထိတော့ လာရောက်စုံစမ်းတဲ့အဖွဲ့တွေတော့ရှိတယ်။ ဒါပေမယ့် တရားဝင်လာရောက်လျှောက်ထားတဲ့အဖွဲ့တော့ မရှိသေးပါဘူး။” ဟု ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံး (ခွဲ)မှ အရာရှိဦးထွန်းအောင်ခိုင်က ဆိုသည်။

ရွေးကောက်ပွဲစောင့်ကြည့်မည့် အဖွဲ့စည်းများအနေဖြင့် ရွေးကောက်ပွဲကျင်းပမည့်တစ်လအလိုတွင် လျှောက်ထားခွင့်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည်။

ကချင်ပြည်နယ်တွင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီဝင်ပေါင်း ၁၉ ပါတီရှိကာ၊ လူဦးရေ ၁၀သိန်း ၈သောင်းကျော်ရှိပြီး လျာထားသည့် မဲရုံပေါင်း ၈၉၀ ရှိသည်။

August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
August 21, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့်...
ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...