ပုဏ္ဏားကျွန်းမြို့နယ်တွင် covid -19 လူနာတင်ကားတစ်စီးမီးလောင်မှုဖြစ်ပွား

ပုဏ္ဏားကျွန်းမြို့နယ်တွင် covid -19 လူနာတင်ကားတစ်စီးမီးလောင်မှုဖြစ်ပွား

ထွန်းခိုင် — ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် စက်တင်ဘာ ၂ ရက် နေ့လယ် ၁၂ နာရီ အချိန်ခန့်က ပိုးရွီပြင်ဆိပ်ကမ်းနားတွင် လူနာတင်ကားတစ်စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။

မီးလောင်မှုဖြစ်ပွားခဲ့သော ကားမှာ ပိုးရွီပြင်ကျေးရွာသို့ covid -19 လူနာအား သယ်ယူရန်သွားသော ပုဏ္ဏားကျွန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး(လူငယ်) အသင်း (PDYO)မှ ကားဖြစ်ကြောင်း သိရှိရသည်။

ပုဏ္ဏားကျွန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး(လူငယ်) အသင်း (PDYO)မှ ပြန်ကြားရေးနှင့် စာရင်းစစ်ပူးတွဲတာဝန်ခံ ကိုအောင်သန့်က “ပိုးရွှီပြင်ကျေးရွာက covid -19 လူနာကို ယူဆောင်ဖို့သွားတဲ့အချိန်မှာ ယာဉ်မောင်းက PPE ဝတ်စုံဝတ်ထားတယ်။ PPE ဝတ်စုံဝတ်ထားတဲ့အတွက် အဲယားကွင်းဖွင့်ထားရတယ်။ အဲယားကွင်းဖွင့်ထားတာကနေ အပူလွန်ပြီး မီးလောင်မှုဖြစ်ပွားခဲ့တာပါ။” ဟု ပြာသည်။

PDYO အသင်းတွင် လူနာတင်ကားနှစ်စီးရှိသည့်အနက် တစ်စီးမှာ covid -19 လူနာတင်ကားဖြစ်ပြီး၊ နောက်တစ်စီးမှာ တစ်ခြားလူနာများအား တင်သောကားဖြစ်ကြောင်း သိရှိရသည်။

ယခုအချိန်တွင် covid -19 လူနာတင်ကား မီးလောင်သွားသဖြင့် PDYO အသင်းတွင် ကားတစ်စီးသာ ကျန်ရှိကြောင်း သိရှိရသည်။

PDYO အသင်းမှ ကားမီးလောင်သွားသဖြင့် ပိုရွီပြင်ကျေးရွာက လူနာကို ဆေးရုံကားဖြင့် သယ်ဆောင်သွားကြောင်း သိရှိရသည်။

Most read this week

(ပုံဟောင်း / Crd)
August 22, 2026
ပဲခူးတိုင်း၊ ပြည်မြို့သို့ စစ်သားများ တင်ဆောင်လာသည့် စစ်ကား အစီး ၁၀၀ ကျော် ရောက်ရှိလာကြောင်း ပကဖ...
August 21, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၌ ညအချိန် အလုပ်မှ ပြန်လာသည့် လူငယ်တစ်ဦးကို စစ်အုပ်စုတပ်နှင့် ရဲ...
(ဓာတ်ပုံ - Crd)
August 20, 2026
အမ်း-ပဒါန်းလမ်းရှိ နတ်ရေကန်တောင်သို့ ထိုးစစ်ဆင်နေသည့် စစ်အုပ်စုတပ်၏ စစ်ကူစစ်ကြောင်းများ၏ ယာယီ...
August 20, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်၏ ရှေ့ထွက် အဝတောင် ကာကင်းစခန်းများကို အာရက္ခ...