ပုဏ္ဏားကျွန်းမြို့နယ်တွင် covid -19 လူနာတင်ကားတစ်စီးမီးလောင်မှုဖြစ်ပွား

ပုဏ္ဏားကျွန်းမြို့နယ်တွင် covid -19 လူနာတင်ကားတစ်စီးမီးလောင်မှုဖြစ်ပွား

ထွန်းခိုင် — ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် စက်တင်ဘာ ၂ ရက် နေ့လယ် ၁၂ နာရီ အချိန်ခန့်က ပိုးရွီပြင်ဆိပ်ကမ်းနားတွင် လူနာတင်ကားတစ်စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။

မီးလောင်မှုဖြစ်ပွားခဲ့သော ကားမှာ ပိုးရွီပြင်ကျေးရွာသို့ covid -19 လူနာအား သယ်ယူရန်သွားသော ပုဏ္ဏားကျွန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး(လူငယ်) အသင်း (PDYO)မှ ကားဖြစ်ကြောင်း သိရှိရသည်။

ပုဏ္ဏားကျွန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး(လူငယ်) အသင်း (PDYO)မှ ပြန်ကြားရေးနှင့် စာရင်းစစ်ပူးတွဲတာဝန်ခံ ကိုအောင်သန့်က “ပိုးရွှီပြင်ကျေးရွာက covid -19 လူနာကို ယူဆောင်ဖို့သွားတဲ့အချိန်မှာ ယာဉ်မောင်းက PPE ဝတ်စုံဝတ်ထားတယ်။ PPE ဝတ်စုံဝတ်ထားတဲ့အတွက် အဲယားကွင်းဖွင့်ထားရတယ်။ အဲယားကွင်းဖွင့်ထားတာကနေ အပူလွန်ပြီး မီးလောင်မှုဖြစ်ပွားခဲ့တာပါ။” ဟု ပြာသည်။

PDYO အသင်းတွင် လူနာတင်ကားနှစ်စီးရှိသည့်အနက် တစ်စီးမှာ covid -19 လူနာတင်ကားဖြစ်ပြီး၊ နောက်တစ်စီးမှာ တစ်ခြားလူနာများအား တင်သောကားဖြစ်ကြောင်း သိရှိရသည်။

ယခုအချိန်တွင် covid -19 လူနာတင်ကား မီးလောင်သွားသဖြင့် PDYO အသင်းတွင် ကားတစ်စီးသာ ကျန်ရှိကြောင်း သိရှိရသည်။

PDYO အသင်းမှ ကားမီးလောင်သွားသဖြင့် ပိုရွီပြင်ကျေးရွာက လူနာကို ဆေးရုံကားဖြင့် သယ်ဆောင်သွားကြောင်း သိရှိရသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...