ပွင့်လင်းမြင်သာမှုမရှိတဲ့ ပြည်နယ်အစိုးရရဲ့လုပ်ငန်း စုံစမ်းစစ်ဆေးရေးကော်မတီစစ်ဆေးနေ

ပွင့်လင်းမြင်သာမှုမရှိတဲ့ ပြည်နယ်အစိုးရရဲ့လုပ်ငန်း စုံစမ်းစစ်ဆေးရေးကော်မတီစစ်ဆေးနေ

ကယားပြည်နယ်အစိုးရအဖွဲ့အနေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ စက်ယန္တာရားငှားရန်တဲ့ကိစ္စမှာ ပွင့်လင်းမြင်သာမှုမရှိတဲ့အတွက် ကယားပြည်နယ်လွှတ်တော်ကနေ စုံစမ်းစစ်ဆေးရေးဖွဲ့ပြီး နှစ်ပတ်အတွင်း စစ်ဆေးသွားမည်လို့ ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးသဲရယ်က ပြောပါတယ်။

“ ကျနော်ကတော့ ဒီဟာနဲ့ပတ်သက်တာကတော့ ဒါ ကျနော်တို့လွှတ်တာ်ကနေပြီးတော့မှ ဒါ အစိုးရကို အပြန်အလှန် ထိန်းကျောင်းရမယ့်တာဝန်လဲရှိတာပေါ့နော်။ ဆိုတော့ ဒီလိုတာဝန်ပေးထားခံရတဲ့ အပေါ်မှာလည်း ကျနော်တစ်ယောက်အနေနဲ့ အတတ်နိုင်ဆုံးအမှန်တရားဖြစ်အောင်တော့ ကျနော်ဆောင်ရွက်မှာပါ။ ကျနော်တို့ဘက်လိုက်မှု မရှိပါဘူး။ တကယ်လို့ဝန်ကြီးချုပ်ဘက်က ဒါတွေချိုးဖောက်မှု မရှိပါဘူးဆိုရင်လည်း ချိုးဖောက်မှုမရှိတဲ့အတိုင်းပဲ ကျနော်တို့ဆောင်ရွက်သွားမှာပါ။ ဒါတွေကတော့ ကျနော်တို့က ဘက်လိုက်တာမျိုးတော့ ကျနော်လုံးဝလုပ်မှာ မဟုတ်ဘူးဆိုတာ ကျနော်ပြောချင်ပါတယ်။”

စက်ယန္တယားဌားရန်းခကိစ္စနှင့် ကယားဒေးကွင်းမြေနေရာကို စာချုပ်ချုပ်ပြီးဌားရန်းထားတာနဲ့ပတ်သတ်ပြီး စုံစမ်းကာ အရေးယူသွားနိုင်ဖို့ စစ်ဆေးသွားမယ်လို့သိရပါတယ်။

ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၅)၊ ပုဒ်မ ၂၆၃ (က) ပါ ပြဌာန်းချက်များကို ဖောက်ဖျက်ကျုးလွန်တယ်လို့ဆိုကာ စုံစမ်းစစ်ဆေးဖို့ ပြည်နယ်လွှတ်တော်က ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့မှာ အဖွဲ့ဝင် ၄ ဦးဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက်ပါတယ်။

၎င်းစုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ သက်တမ်းမှာ ကယားပြည်နယ်လွှတ်တော် ဥက္ကဌထံ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာ တင်သွင်းပြီးတဲ့ အချိန်ထိ ဖြစ်ပါတယ်။

ထိုကိစ္စနဲ့စပ်လျှဉ်းပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် စာရင်းစစ်ချုပ်တို့ယနေ့သြဂုတ်လ ၂၀နေ့မှာတွေ့ဆုံညှိ့နှိုင်းပြီး ပြည်နယ်အစိုးရကနေဆောင်ရွက်နေတဲ့ စက်ယန္တယားဌားရန်းခကိစ္စနှင့် ကယားဒေးကွင်းမြေနေရာကို စာချုပ်ချုပ်ပြီးဌားရန်းထားတာနဲ့ပတ်သတ်ပြီး စာရင်းစစ်ချုပ်ရဲ့တွေ့ရှိချက်တွေကို တွေ့စုံမေးမြန်းခဲ့တယ်လို့သိရပါတယ်။

ကယားပြည်နယ်နေ့အခမ်းအနား အစဉ်ကျင်ပတဲ့ကွင်း ၆.၄၂၂ ဧကကိုလည်း ပြည်နယ်အစိုးရကနေ စည်ပင်မြေအဖြစ်သတ်မှတ်ပြီး ငှားရန်းမည့်ကိစ္စကိုလည်း မပြုလုပ်ဖို့ တားမြစ်တဲ့အဆိုကို ကယားပြည်နယ်(၁၁)ကြိမ်မြောက်လွှတ်တော်အစည်းအဝေးမှာ တင်ပြနိုင်ခဲ့တယ်လို့ ဖရူဆိုမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထွန်းကပြောပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်မှာပါဝင်တဲ့ ဦးခင်မောင်ထွန်း(ခ)နော်အီ “ ကျနော်တို့ပြောချင်တာက ငါတို့ပြည်နယ်ရဲ့ငွေတွေကိုပေါ့နော်။ တစ်ယောက်လာရင်လည်း နည်းနည်းလုပ်မယ်၊ တစ်ယောက်လာရင်လည်း နည်းနည်းလုပ်မယ်၊ ကုန်သွားမှာပေါ့။ ငါတို့သားသမီးတွေ ဘယ်မှာ သွားပြီးမှ ပျော်ပွဲရွှင်ပွဲကျင်းပတော့မှာလဲ။ တော်တော်လေးစဉ်းစားရခက်ပါတယ်။”လို့ပြောပါတယ်။

ကယားဒေးကွင်းအနီးကမြေတွေကို အဆိုအောင်ပြီးတဲ့နောက်မှာမှ အစိုးရအဖွဲ့က စည်ပင်မြေအဖြစ်ပြောင်းလဲဖောက်ပြီးတော့ အဆိုပါ နေရာတွေမှာ ဆိုင်ခန်းတွေကို နှစ် ၃၀စာချုပ် တွေချုပ်ဆိုပြီးတော့ ကုမ္ပဏီတွေ၊ ဆိုင်ခန်းတွေကို ဌားရမ်းထားတာဖြစ်ပါတယ်။

၎င်းကိစ္စရပ်တွေနဲ့ပတ်သက်လို့ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ကို ဖုန်းဖြင့်ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း ဖုန်းပြန်လည်ဖြေဆိုခြင်းမရှိခဲ့သေးပါဘူး။

လက်ရှိ ၂၀၁၈ စာရင်းစစ်ချုပ်ကနေ တွေ့ရှိချက်အရ စက်ယန္တာရားငှားရန်းခကိုတော့ နိုင်ငံတော်ဘဏ္ဍာငွေအဖြစ်သွင်းရန် သိန်းပေါင်းလေးထောင်နီးပါးကျန်ရှိသေးတယ်လို့ သိရပါတယ်။

ယခုနော်ပိုင်းမှာတော့ စက်ယန္တာယားကိုငှားရန်းတာမရှိတော့ဘူးလို့ ပြည်နယ်စာရင်းစစ်ချုပ်ဦးအောင်မောင်က ပြောပါတယ်။

“လောလောဆယ်တော့ ဌားတာတွေလဲ မရှိတော့ဘူး။ နောက်ပြင်ဆင်ထိန်းသိမ်းခတွေကို ဒီဘက်မှာတော့ ထုတ်တာမတွေ့ရတော့ဘူးပေါ့နော်။ နောက်တစ်ခုကတော့ သူတို့လည်း အဲ့ဒါရောင်းဖို့လုပ်နေတယ်၊ တစ်ချို့တစ်ဝက်တောင်ရောင်းပြီးသွားပြီလားမသိဘူး။”လို့ပြောပါတယ်။

၎င်းစက်ယန္တာယားတွေကတော့ ပြီးခဲ့တဲ့ ၂၀၁၀ ပြည်နယ် အစိုးရလက်ထက်က ဝယ်ထားတာဖြစ်ပြီး ယခု ၂၀၁၅ NLDအစိုးရလက်ထက်မှာ ပြည်နယ်အစိုးရအဖွဲ့က ကုမ္မဏီတွေကို ဆက်လက်ငှားရန်းတဲ့လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ - (ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့်မြင်ကွင်း - ပုံဟောင်း / CHDN)
August 31, 2026
ကရင်နီပြည်၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး...
ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...