၂၁ ရာစု ပင်လုံတက်ရောက်ရေး KIO ပြန်လည်ဆွေးနွေးနေ

၂၁ ရာစု ပင်လုံတက်ရောက်ရေး KIO ပြန်လည်ဆွေးနွေးနေ

၂၁ ရာစု ပင်လုံညီလာခံ စတုတ္ထအကြိမ်မြောက်အစည်းအဝေးတွင် ရက္ခိုင်တပ်မတော် AA ကို ဖိတ်ကြားမှုမရှိသဖြင့် KIO ကလည်း ပင်လုံအစည်းအဝေးသို့ တက်ရန်အရေးကို ပြန်လည်ဆွေးနွေးနေကြောင်း သိရသည်။

အစိုးရ၏ ဖိတ်ကြားမှုကိုရရှိပြီဖြစ်သော်လည်း ဗဟိုဌာနချူပ်က ဆွေးနွေးနေသည့်အချိန်ဖြစ်သောကြောင့် တိကျသည့်အဖြေမထုတ်ပြန်နိုင်သေးကြောင်း ဆိုသည်။

“ဖိတ်ကြားစာလက်ခံရရှိပြီ။ ဗဟိုဌာနချူပ်က ဒါကိုလေးလေးနက်နက်ဆင်းစားပြီး ဆွေးနွေးနေတဲ့ချိန်ဖြစ်ပြီးတော့ တိကျတဲ့အဖြေ မထုတ်ပြန်သေးဘူး။ ဗဟိုဌာနချုပ်အစည်းအဝေးဆုံးဖြတ်ချက်ချပြီးမှ ပြောလို့ရမှာဖြစ်တယ်” ဟု KIO ဗဟိုဌာနချုပ်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ပြောပါသည်။

ပြည်ထောင်စု နိုင်ငံရေးညှိနှိုင်းဆွေးနွေးရေးကော်မတီ FPNCC အဖွဲ့ဝင်အနေဖြင့် စတုတ္ထအကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံသို့တက်ရောက်ရန်ဆန္ဒရှိသော်လည်း ရက္ခိုင့်တပ်တော် AA ကို အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသောကြောင့် ယခုလိုပြန်လည် ဆွေးနွေးလာရခြင်းဖြစ်သည်ဟု သိရသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနေဖြင့် ညီလာခံတက်ရောက်လျှင် နိုင်ငံရေးအရ အကျိုးအမြတ်ထွက်မည်မဟုတ်သော်လည်း KIA နှင့် တပ်မတော် ကြား နှစ်ဖက်အပစ်အခတ်ရပ်စဲရေးအတွက် ယုံကြည်မှုတည်ဆောက်သည့် သဘောလောက်သာ မျှော်လင့်နိုင်ကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG မှ ဒူဝါလမိုင်ဂမ်ဂျာ က KNG သို့ သုံးသပ်ပြောဆိုခဲ့သည်။

၂၁ ရာစု ပင်လုံညီလာခံ စတုတ္ထအကြိမ်မြောက် အစည်းအဝေးကို ယခုလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့ထိ သုံးရက်သာ နေပြည်တော်တွင်ပြုလုပ်သွားမည်ဟု သိရသည်။

ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...
(ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်ရန် ပြင်ဆင်နေစဉ်/ Crd)
August 18, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်မှုကြောင့် ထိခိုက်မည့်...
ဓာတ်ပုံ - ပင်လည်ဘူးမြို့နယ် ဩဂုတ်လ ၁၆ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရသည့် အခြေအနေ။
August 18, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်ရှိ ပင်လည်ဘူးမြို့နယ်၊ ကင်းပန်းကျေးရွာ ယခုရက်ပိုင်းအတွင်း...
ဓါတ်ပုံ - ရွှေကူမြို့တွင်း မြင်ကွင်းတစ်ခုအား တွေ့ရစဉ်။
August 17, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တိုက်ပွဲများကြောင့် လမ်းပိုင်း ပိတ်ဆို့ထားသဖြင့် ကျေးရွာများ၌ အစား...