၂၁ ရာစု ပင်လုံတက်ရောက်ရေး KIO ပြန်လည်ဆွေးနွေးနေ

၂၁ ရာစု ပင်လုံတက်ရောက်ရေး KIO ပြန်လည်ဆွေးနွေးနေ

၂၁ ရာစု ပင်လုံညီလာခံ စတုတ္ထအကြိမ်မြောက်အစည်းအဝေးတွင် ရက္ခိုင်တပ်မတော် AA ကို ဖိတ်ကြားမှုမရှိသဖြင့် KIO ကလည်း ပင်လုံအစည်းအဝေးသို့ တက်ရန်အရေးကို ပြန်လည်ဆွေးနွေးနေကြောင်း သိရသည်။

အစိုးရ၏ ဖိတ်ကြားမှုကိုရရှိပြီဖြစ်သော်လည်း ဗဟိုဌာနချူပ်က ဆွေးနွေးနေသည့်အချိန်ဖြစ်သောကြောင့် တိကျသည့်အဖြေမထုတ်ပြန်နိုင်သေးကြောင်း ဆိုသည်။

“ဖိတ်ကြားစာလက်ခံရရှိပြီ။ ဗဟိုဌာနချူပ်က ဒါကိုလေးလေးနက်နက်ဆင်းစားပြီး ဆွေးနွေးနေတဲ့ချိန်ဖြစ်ပြီးတော့ တိကျတဲ့အဖြေ မထုတ်ပြန်သေးဘူး။ ဗဟိုဌာနချုပ်အစည်းအဝေးဆုံးဖြတ်ချက်ချပြီးမှ ပြောလို့ရမှာဖြစ်တယ်” ဟု KIO ဗဟိုဌာနချုပ်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ပြောပါသည်။

ပြည်ထောင်စု နိုင်ငံရေးညှိနှိုင်းဆွေးနွေးရေးကော်မတီ FPNCC အဖွဲ့ဝင်အနေဖြင့် စတုတ္ထအကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံသို့တက်ရောက်ရန်ဆန္ဒရှိသော်လည်း ရက္ခိုင့်တပ်တော် AA ကို အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသောကြောင့် ယခုလိုပြန်လည် ဆွေးနွေးလာရခြင်းဖြစ်သည်ဟု သိရသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနေဖြင့် ညီလာခံတက်ရောက်လျှင် နိုင်ငံရေးအရ အကျိုးအမြတ်ထွက်မည်မဟုတ်သော်လည်း KIA နှင့် တပ်မတော် ကြား နှစ်ဖက်အပစ်အခတ်ရပ်စဲရေးအတွက် ယုံကြည်မှုတည်ဆောက်သည့် သဘောလောက်သာ မျှော်လင့်နိုင်ကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG မှ ဒူဝါလမိုင်ဂမ်ဂျာ က KNG သို့ သုံးသပ်ပြောဆိုခဲ့သည်။

၂၁ ရာစု ပင်လုံညီလာခံ စတုတ္ထအကြိမ်မြောက် အစည်းအဝေးကို ယခုလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့ထိ သုံးရက်သာ နေပြည်တော်တွင်ပြုလုပ်သွားမည်ဟု သိရသည်။

Most read this week

January 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က ထီးချိုင့်မြို့ကို ပြန်လည်ရရှိရေး တော်လှန်ရေးအင်အားစုတွေဘက်က ဇန်နဝါရီလ ၂၈...
January 29, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့်...
January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...