ရွေးကောက်ပွဲမှာ မသန်စွမ်းတွေ လွယ်ကူစွာ မဲပေးနိုင်အောင် စီစဉ်ပေးဖို့ တောင်းဆို

ရွေးကောက်ပွဲမှာ မသန်စွမ်းတွေ လွယ်ကူစွာ မဲပေးနိုင်အောင် စီစဉ်ပေးဖို့ တောင်းဆို

မော်လမြိုင် ၊  ဩဂုတ် (၆) - ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မသန်စွမ်းတွေ လွယ်ကူစွာမဲပေးနိုင်အောင် စီစဉ်ပေးဖို့ မွန်ပြည်နယ် မသန်စွမ်းသူများအသင်းက တောင်းဆိုလိုက်ပါတယ်။

ယခင်ရွေးကောက်ပွဲတွေမှာတော့ မဲရုံတွေမှာ မသန်စွမ်းတွေအတွက် လွယ်ကူချောမွေ့စွာ မဲပေးနိုင်အောင် မစီစဉ်ထားတာကြောင့် မဲပေးခွင့်ဆုံးရှုံးခဲ့တဲ့ မသန်စွမ်းတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

“ ကိုယ်အင်္ဂါ မသန်စွမ်းဆိုပါတော့ ဝှီးချဲနဲ့သွားရမယ် ။ ဝှီးချဲသွားမယ့်လမ်းတွေကို အဆင်ပြေအောင် မလုပ်ပေးထားဘူး။လှေကားထစ်ကအစ အဆင်ပြေ ချော့မွေ့အောင် မလုပ်ထားဘူး”လို့ မွန်ပြည်နယ် မသန်စွမ်းသူများအသင်း ဥက္ကဋ္ဌ စောအောင်သိမ်းတင်က ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်အနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ မသန်းစွမ်းတွေ မဲပေးဖို့ အဆင်ပြေအောင် စီစဉ်ထားတယ်လို့ မွန်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောပါတယ်။

“မသန်စွမ်းတွေကို မဲရုံမှူးတွေ မဲရုံအဖွဲ့တွေက ဝိုင်းကူညီပေးရမယ်ဆိုတာ မဲရုံမှူးသင်တန်းတွေမှာ တစ်ခါတည်း ထည့်ပြီးသား ။ နည်းဥပဒေမှာရော လုပ်ငန်းလမ်းညွှန်းမှာရော အာ့တာ ပါပါတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲနေ့မှာ လာရောက်မဲပေးနိုင်တဲ့ မသန်စွမ်းတွေက မဲလာပေးနိုင်သလို မဲရုံမလာနိုင်တဲ့ မသန်စွမ်းတွေကိုတော့ ကြိုတင်မဲပေးနိုင်အောင် ရပ်ကျေးကော်မရှင်က အိမ်တိုင်ရာရောက် စာရင်းကောက်ယူသွားမယ်လို့ ဆိုပါတယ်။

ပထမအကြိမ် ကြေညာခဲ့တဲ့ မဲစာရင်းအရတော့ မွန်ပြည်နယ်မှာ မသန်စွမ်းသူ (၄၀၇၀) ကျော် ရှိပါတယ်။

ဆန္ဒမဲပေးသူဟာ မသန်စွမ်းသူဖြစ်ရင် သက်ဆိုင်ရာ မဲစာရင်းမှာ ပါရှိတဲ့ မဲဆန္ဒရှင်ရဲ့ ဖခင်၊ မိခင်၊ ဇနီး၊ ခင်ပွန်း သား သမီး ညီအစ်ကို မောင်နှမအရင်းတဦးဦး သို့မဟုတ် မသန်စွမ်းသူကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်တဲ့သူတစ်ဦးရဲ့ အကူအညီနဲ့ ဆန္ဒမဲပေးခြင်းကို ခွင့်ပြုရမယ်လို့ ရွေးကောက်ပွဲ နည်းဥပဒေ ၄၂ (ခ) မှာ ဖော်ပြထားပါတယ်။

မွန်ပြည်နယ်အတွင်းက မသန်စွမ်းတွေမှာတော့ အမြင်အာရုံမသန်စွမ်းသူ အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးက ကိုယ်အင်္ဂါမသန်စွမ်းသူတွေ၊ တတိယအများဆုံးကတော့ အကြားအာရုံမသန်စွမ်းသူတွေနဲ့ ဉာဏ်ရည်မသန်စွမ်းသူတွေ ဖြစ်တယ်လို့ မွန်ပြည်နယ် မသန်စွမ်းသူများအသင်းရဲ့ စာရင်းတွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...