နမ်ဆန်ယန်ကျေးရွာတွင် မိုင်းရှင်းလင်းရေးပြုလုပ်

နမ်ဆန်ယန်ကျေးရွာတွင် မိုင်းရှင်းလင်းရေးပြုလုပ်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာတွင် နေရပ်ပြန်စစ်ရှောင်အိမ်ထောင်စု ၉၈ စု လုပ်ကိုင်စားသောက်ရန် လယ်ယာမြေ ဧက ၁၀၀ ခန့်တွင် မိုင်းရှင်းလင်းပေးခဲ့ကြောင်း သိရသည်။

၂၀၁၉ ဇန်နဝါရီလမှစတင် နေရပ်ပြန်ခဲ့သော နမ်ဆန်ယန်စစ်ရှောင်များသည် အသက်မွေးဝမ်းကြောင်းပြုလိုသော်လည်း ၉ နှစ်ကျော် စွန့်ပစ်ခဲ့သော ၎င်းတို့၏လယ်ယာမြေများသည် လုံခြုံမှုမရှိသောကြောင့် မိုင်းရှင်းပေးရန် တောင်းဆိုပြီးနောက် ယခုလိုဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“နေရပ်ပြန်စစ်ရှောင်တောင်သူတွေက လယ်ဆည်ဝန်ကြီးထံ လယ်ထွန်စက်ငှာရမ်းတဲ့အခါ ထွန်စက်တွေဝင်မယ်ဆို မိုင်းရှင်းလင်းပြီးကြောင်း အထောက်အထားလိုအပ်တယ်ဆိုပြီး ပြောဆိုလာတဲ့အတွက် ကျွန်တော်တို့ဒေသခံတွေက မိုင်းရှင်းဖို့ရန် နယ်လုံဝန်ကြီးကိုတင်ပြပြီး နယ်လုံဝန်ကြီးက မြောက်ပိုင်းတိုင်းစစ်ဌာနကို တင်ပြပေးတဲ့အတွက် မြောက်ပိုင်းတိုင်းစစ်ဌာနက နယ်မြေခံတပ်အင်အား ၄၀ ခန့်ဖြင့် မိုင်းရှင်းလင်းပေးခဲ့ခြင်းဖြစ်တယ်။” ဟု နမ်ဆန်ယန် စစ်ရှောင်များ နေရပ်နိုင်ရေးအတွက် ဦးဆောင်သူ ဦးဖော်လားဂမ်ဖန်က ပြောသည်။

နမ်ဆန်ယန်ကျေးရွာ နေရပ်ပြန်များ လွတ်လပ်စွာလုပ်ကိုင်စားသောက်နိုင်ရန် အစိုးရစစ်တပ်နှင့် KIA စသော နှစ်ဖက်တပ်များကို ညှိနှိုင်းကာ မိုင်းရှင်းလင်းရေးအမြန်လုပ်ဆောင်ပေးရန် ၂၀၂၀ မတ်လတွင် စာဖြင့်တောင်းဆိုခဲ့သည်ဟု သိရသည်။

ထို့ကြောင့် တပ်မတော်ဘက်က မိုင်းရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်ခဲ့ရာ ဇူလိုင် ၂၈ ရက်နေ့အထိ မြေယာ ၁၀၀ ဧကမှ မိုင်းမျိုးစုံ ၁၀ လုံး၊ ဗုံးသီးမျိုးစုံ ၃ လုံးနှင့် လက်ပစ်ဗုံး ၄ လုံး ဖော်ထုတ်ပေးနိုင်ခဲ့သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ က ဇူလိုင် ၃၀ ရက်နေ့တွင် ဖော်ပြထားသည်။

ယခုချိန် နမ်ဆန်ယန်ကျေးရွာတွင် လယ်ဧက ၅၀ ခန့်တွင် စိုက်ပျိူးရေးလုပ်ဆောင်နေပြီး၊ တောင်ယာလုပ်ငန်းကိုလည်း အိမ်ထောင်စု ၃၀ ကျော်က လုပ်ကိုင်စားသောက်နေပြီဟု ဦးဖော်လားဂမ်ဖန် က ပြောသည်။

နမ်ဆန်ယန်ကျေးရွာသည် အစိုးရနှင့် တပ်မတော်၏ တစ်ဖက်သတ်အစီစဉ်ဖြင့် ၂၀၁၉ ဇန်နဝါရီလတွင် ပထမအကြိမ်နေရပ်ပြန်ပို့ခဲ့သောကျေးရွာဖြစ်ပြီး လက်ရှိ အိမ်ထောင်စု ၉၈ စုနှင့် လူဦးရေ ၅၀၀ ကျော်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ကချင်လူသားချင်းစာနာထောက်ထားမှုအဖွဲ့ KHCC ကလည်း နေရပ်ပြန်ပို့ရန် ကျေးရွာ ၁၇ ရွာကို ရွေးချယ်ထားပြီး ၎င်းတို့မှာ ယနေ့ထိ ရွာမပျက်ဘဲ ရှိနေသောနေရာ၊ အစိုးရ ၂ ဖက်၏ အုပ်ချုပ်မှု အာဏာ အတူ မသက်ရောက်သောနေရာ စသည်တို့ဖြစ်သည်။

ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...
(ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်ရန် ပြင်ဆင်နေစဉ်/ Crd)
August 18, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်မှုကြောင့် ထိခိုက်မည့်...
ဓာတ်ပုံ - ပင်လည်ဘူးမြို့နယ် ဩဂုတ်လ ၁၆ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရသည့် အခြေအနေ။
August 18, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်ရှိ ပင်လည်ဘူးမြို့နယ်၊ ကင်းပန်းကျေးရွာ ယခုရက်ပိုင်းအတွင်း...
ဓါတ်ပုံ - ရွှေကူမြို့တွင်း မြင်ကွင်းတစ်ခုအား တွေ့ရစဉ်။
August 17, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တိုက်ပွဲများကြောင့် လမ်းပိုင်း ပိတ်ဆို့ထားသဖြင့် ကျေးရွာများ၌ အစား...