မြန်မာပြည်တောင်ပိုင်းဒေသ မြို့ကိုးမြို့ရဲ့ လူဦးရေ (၃၀) ရာခိုင်နှုန်းမှာ မှတ်ပုံတင် မရှိ

မြန်မာပြည်တောင်ပိုင်းဒေသ မြို့ကိုးမြို့ရဲ့ လူဦးရေ (၃၀) ရာခိုင်နှုန်းမှာ မှတ်ပုံတင် မရှိ

မြန်မာပြည်တောင်ပိုင်းဒေသ မြို့ကိုးမြို့ရဲ့ လူဦးရေ (၃၀) ရာခိုင်နှုန်းဟာ နိုင်ငံသာစိစစ်ရေးကတ်ပြား မရှိကြသူတွေ ဖြစ်တယ်လို့ လွတ်လပ်တရားမျှတသည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် လူထုလှုပ်ရှားမှုအစီအစဉ်တွေရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

အရပ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့ မွန် ၊ ကရင် ၊ တနင်္သာရီဒေသက မြို့နယ် ကိုးမြို့နယ်မှာ စစ်တမ်းကောက်ယူခဲ့တာဖြစ်ပြီး “နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေချင်”ဆိုတဲ့ အမည်နဲ့ ဇူလိုင်လ (၃၀) ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

ကောက်ယူခဲ့တဲ့စစ်တမ်းတွေအရ မြို့နယ်ကိုးမြို့နယ်က မဲပေးပိုင်ခွင့်ရှိသူ (၁၃) သိန်းကျော်ရဲ့ သုံးဆယ်ရာခိုင်နှုန်းမှာ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

“ပဋိပက္ခအလွန်ဒေသမှာရှိတဲ့ ပြည်သူလူထုအများစုကို ပြန်ကြည့်လိုက်တဲ့အခါမှာ လက်နက်ကိုင် ထိန်းချုပ်ထားတဲ့ ဒေသတစ်ဝိုက်မှာရှိတဲ့ ပြည်သူလူထု ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိဘူး။ သူတို့မှာလည်း နိုင်ငံသာစိစစ်ရေးကတ်ပြားလုပ်ဖို့ အခွင့်အလမ်း မရတာတွေလည်း ပါတယ်” လို့ လွတ်လပ်တရားမျှတသည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် လူထုလှုပ်ရှားမှုအစီအစဉ် စီမံကိန်းဒါရိုက်တာ နိုင်ကဆုမွန်က ပြောပါတယ်။

နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိတဲ့ သူတွေမှာတော့ ပဋိပက္ခဒေသက စစ်ဘေးရှောင်တွေ ၊ ပြည်ပမှာ တရားမဝင်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ၊ တိုင်းရင်းသား ဘာသာစကား အခက်အခဲကြောင့် ကတ်ပြားလုပ်ဖို့ အခက်အခဲရှိသူတွေ နဲ့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ဒေသကပြည်သူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပြည်သူတွေ မဲပေးပိုင်ခွင့်ရှိအောင် နိုင်ငံသားစိစစ်ရေးကတ်ပြားတွေကို အစိုးရအနေနဲ့ အမြန်ဆုံးဆောင်ရွက်ပေးဖို့ အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။

“ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ လူဝင်မှုကြီးကြပ်ရေးတို့ ပူးပေါင်းပြီး နိုင်ငံသား စိစစ်ရေးကတ်ပြား အမြန်ဆုံး လုပ်ပေးစေချင်တယ် ဒါမှလည်း နိုဝင်ဘာမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိမှ သူတို့ရဲ့ နိုင်ငံသား အခွင့်အရေး မဆုံးရှုံးမှာ”လို့ လွတ်လပ်တရားမျှတသည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် လူထုလှုပ်ရှားမှုအစီအစဉ် ဦးဆောင်အဖွဲ့ဝင် မိမြင့်မွန်က ပြောပါတယ်။

 ဒီစစ်တမ်းကိုတော့ မွန် ၊ ကရင် ၊ တနင်္သာရီဒေသက ရေး ၊သံဖြူဇရပ် ၊ ချောင်းဆုံ ၊ ပေါင် ၊ သထုံ ၊ ဘားအံ ၊ ကြာအင်းဆိပ်ကြီး ၊ ကော့ကရိတ် ၊ ရေဖြူ အစရှိတဲ့ မြို့နယ်တွေမှာ ဇွန်လအတွင်းက ကောက်ယူခဲ့တာ ဖြစ်ပါတယ်။

May 13, 2026
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့မှာ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး...
May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...