ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အားမရတဲ့အချက်မရှိဟု ပြည်နယ်အစိုးရပြော

ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အားမရတဲ့အချက်မရှိဟု ပြည်နယ်အစိုးရပြော

ကယားပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရ လေးနှစ်ကျော်ကာလအတွင်းမှာ အားမရတဲ့အချက်မရှိခဲ့ပါဘူးလို့ အစိုးရအဖွဲ့ဝင်က ပြောကြားလိုက်ပါတယ်။

လေးနှစ်ကျော်ကာလအတွင်းဒေသဖွံ့ဖြိုးမှုကို လုပ်ဆောင်တဲ့အခါမှာ အားလုံးက တက်ညီလက်ညီနဲ့ဆောင်ရွက်နေတဲ့အတွက်ကြောင့် အားမရတဲ့အချက်မရှိဘူးလို့ ကယားပြည်နယ်အစိုးရအဖွဲ့၏ အတွင်းရေးမှူး ဦးအံ့မော်က ၂၀၂၀၊ ဇူလိုင်လ ၂၄ရက်နေ့ ပြည်နယ်ခန်းမမှာ ကျင်းပတဲ့ ကယားပြည်နယ်အစိုးရအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။

ဦးအံ့မော်က “ ဆောင်ရွက်မှုတွေထဲမှာ အောင်မြင်မှုအရှိဆုံးကတော့ ဟော်တယ်နှင့်ခရီးသွားလာရေးကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကဏ္ဍ၊ စိုက်ပျိုးရေရရှိရေးလုပ်ငန်း၊ စည်ပင်သာယာရေးကဏ္ဍ၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍတို့ဖြစ်ပြီးတော့ ဟော်တယ်နှင့် ခရီးသွားလာရေးကဏ္ဍမှာ ပြည်နယ်ဂုဏ်ဆောင်မှု တစ်ခုအနေနဲ့ ၂၀၁၉ခုနှစ် အာဆီယံ အသန့်ရှင်းဆုံးမြို့တော်အဖြစ် ဆုရရှိခဲ့တာတွေ့ရပါတယ်။” လို့ ပြောပါတယ်။

ဒေသဖွံ့ဖြိုးမှုကို အတိုင်းအတာတစ်ခုအထိကျေနပ်အားရပေမဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်တုန်းကလုပ်ပေးမယ်ဆိုတဲ့လမ်းကိစ္စတွေ၊ ရေကိစ္စတွေကို မလုပ်ပေးတာကြောင့် ပြည်နယ်အစိုးရအဖွဲ့ဝင်တွေဆီ ကိုယ်တိုင် သွားရောက် တင်ပြနေရပါသေးတယ်လို့ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်း ကေကောအုပ်စုမှ ကတ်သလစ်ကျောင်းထိုင်ဘုန်းတော်ကြီး Fr. အန်ထော်နီက ပြောပါတယ

“ သူ့ရဲ့အမတ်လောင်းတွေပေါ့နော် ဆွယ်တုန်းကဆိုရင် ဘာလုပ်ပေး၊ ညာလုပ်ပေးမယ်ပေါ့နော် အခုက သူကျလာတော့ ကိုယ်တော်တို့တင်ပြတယ်ပေါ့နော်။ ကိုယ်တော်တို့တင်ပြတယ် ဒီကိစ္စမှာ ဒီလမ်းကိစ္စတွေ၊ အခုနက ရေကိစ္စတွေနော် ဒီကိုယ်တော်တို့တင်ပြတယ်ဆို ဒါကိုယ်တော်တို့အလုပ်မဟုတ်ဘူး။ တကယ်တမ်းအမှန်ပြောမယ်ဆို ကိုယ်တော်တို့က ဘာသာရေးဆိုရင် ဘာသာရေးပဲလုပ်ရမယ်။ဆိုတော့ ဥပမာ သူတို့လွှတ်တော်အမတ်ဆိုလည်း ပြည်သူလူထု သူတို့ကတိထားခဲ့တဲ့ မဲဆန္ဒနယ်တွေပေါ့နော်။ သူတို့ကြည့်ပေးရမယ်လေး။” လို့ သုံးသပ်ပြောဆိုသွားပါတယ်။

လက်ရှိအစိုးရ၏ ၄နှစ်ကျော်ကာလအတွင်းမှာ ကယားပြည်နယ်ရဲ့ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်ပြီး စီမံကိန်းတော်တော်များများကို ဆောင်ရွက်ပေးနိုင်ခဲ့တဲ့ အတွက်ကြောင့် ပြည်နယ်၏ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းမှာ ကျေနပ်အားရမှု ရှိတယ်လို့ ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကျော်သူအောင်က ပြောပါတယ်။

“နောက်တစ်ခါ ကျနော်တို့ ဒါ လုပ်ငန်းနယ်ပယ်အသစ်ဖြစ်တဲ့ ကျနော်တို့ ကျေးလက်ကုန်ထုတ်လမ်းတွေ ၊ ကျေးလက်တံတားတွေလည်း ကျနော်တို့ဒါဆောင်ရွက်ပေးလာနိုင်တဲ့ အနေအထားရှိပါတယ်။ နောက်ထိုနည်း၎င်းပဲ ကျနော်တို့ဌာနအနေနဲ့ဆိုရင်တော့ ကျနော်တို့ဒါ လူထုက ဗဟိုပြုပြီးတော့ လူထုကိုယ်တိုင်စီမံခန့်ခွဲတဲ့ ကျနော်တို့CDD စီမံကိန်းပေါ့နော် လူထုဗဟိုပြုစီမံကိန်းကိုလည်း ကျနော်တို့ ဒါအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့တယ်။ နောက်ကျေးရွာတွေမှာ ကျနော်တို့ဆင်းရဲတဲ့ အိမ်ထောင်စုတွေ ကျနော်တို့ ဒါ ဝင်ငွေ သူတို့တွေ မတည်ရင်းနှီးမှုတွေ ရပြီးတော့ သူတို့ရဲ့ဒါ လယ်ယာကုန်ထုတ်လုပ်ငန်းတွေ၊ ကျနော်တို့မွေးမြူရေးလုပ်ငန်းတွေ၊ တစ်နိုင်တပိုင် စီးပွားရေးတွေ ၊ အခြားသောလုပ်ငန်းတွေကို ကျနော်တို့ မတည်ဆောင်ရွက်နိုင်တဲ့ ကျနော်တို့မြစိမ်းရောင် စီမံကိန်းတွေကိုလည်း ကျနော်တို့ဆောင်ရွက်ပေးနိုင်ခဲ့တယ်။” လို့ဦးကျော်သူအောင်က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

ဒေသ၏ ဖွံ့ဖြိုးရေးက ပညာရေးနှင့် ကျန်းမာရေးအပိုင်းတွေမှာ သိသိသာသာကောင်းလာတာတွေရှိပေမဲ့ မြို့ပေါ်မှာ အဆင်ပြေပြီး ကျေးရွာတွေမှာတော့ အဆင်မပြေတာတွေ ရှိတယ်လို့ ကရင်နီပြည်ကျောင်းသားသမဂ္ဂ (UKSY)အထွေထွေအတွင်းရေးမှူး မူအန်းဂျလာက ပြောပါတယ်။

၎င်းက “ဥပမာဆိုရင် ကျန်းမာရေးနဲ့ပညာရေးဆိုရင် သိသိသာသာလေးလေ နော်။ ပညာရေးဆိုလည်း ပြုပြင်ပြောင်းလဲမှုတွေစလုပ်လာတယ်ပေါ့နော်။ ဒါပေမဲ့ မြို့ပေါ်အနေအထားတော့ အဆင်ပြေပေမဲ့ ရွာမှာ အဆင်မပြေတာတွေတော့ ဒါက ကမောက်ကမတော့ အများကြီးရှိတာပေါ့။” လို့ ပြောပါတယ်။

လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပြည်နယ်အတွင်း ပြောင်းလဲသွားတဲ့အရာကတော့ အများပြည်သူပန်းခြံထဲမှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တည်ထားနိုင်တာနဲ့ မြို့ပေါ်လမ်းတွေသာ ရှိတယ်လို့ ကယန်းအမျိုးသားပါတီ ဥက္ကဌ ခွန်းဘီထူးက သုံးသပ်ပြောဆိုလိုက်ပါတယ်။

၎င်းက “သိသာဒါ နှစ်ခုပဲရှိတယ်။ အဲ့ဒါက ကြေးရုပ်ရောက်လာတာရယ်၊ လမ်းတွေပေါ့နော် နည်းနည်းလေးပိုကောင်းသွားတာရယ်ကလွဲလို့ပေါ့နော်။ ကျန်တဲ့ အရေအသွေးပိုင်းမှာ၊ ကျန်တဲ့ ဗျူဟာမြောက်တဲ့ လုပ်ငန်းတွေမှာ ဗျူဟာ မြောက်တဲ့ လမ်းတံတားတွေဖောက်တဲ့ဟာတွေက ဘာတစ်ခုမှ မလုပ်နိုင်ဘူးပေါ့နော်။” လို့ ပြောပါတယ်။

ပြည်သူ့ဘဏ္ဍာငွေတွေကို အဓိကလမ်း၊ တံတားတွေမှာ အသုံးပြုသွားတယ်ဆိုပေမယ့်လည်း အရည်အသွေးထိန်းညှိတဲ့အပိုင်းတွေ၊ ၊ လူငယ်တွေ အလုပ်အကိုင်အခွင့်အလမ်းရှိစေဖို့အပိုင်းတွေ၊ တိုင်းရင်းသား အခွင့်အရေးတွေ၊ ပညာရေးတွေမှာတော့ အသုံးမပြုပေးတာမရှိဘူးလို့ ခွန်းဘီထူးက ဆက်လက် သုံးသပ်သွားပါတယ်။

၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ လမ်း/တံတားလုပ်ငန်း၊ ရေရရှိရေးလုပ်ငန်း၊ စွမ်းအင်လုပ်ငန်း၊ အိမ်ရာဆောက်လုပ်ခြင်းလုပ်ငန်း၊ သာသနာရေးလုပ်ငန်း တွေမှာ ပြည်နယ်ရန်ပုံငွေကျပ် (၄၀၃၆.၇၅၆)သန်းဖြင့် ၊ ပြည်ထောင်စုရန်ပုံငွေ ကျပ်(၄၅၀၁.၄၉)သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ကယားပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၉၊ (၁)နှစ်တာကာလအတွင်း ပြည်သူများ၏လူမှုအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်မှုများနှင့် ပတ်သက်ပြီး ဆောင်ရွက်နိုင်မှုတင်ပြချက်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအနေဖြင့် ကျပ်သန်းပေါင်း(၆၃၁.၆၂၇)သန်းဖြင့် ကျေးလက်လယ်ယာကုန်ထုတ်လမ်း (၈)လမ်း၊ တံတား(၁၆)စင်းကိုလည်းကောင်း၊ ရေရှားပါးတဲ့ ကျေးရွာတွေမှာ ကျေးလက်ရေပေးဝေရေး ကျေးရွာပေါင်း(၆၄)ရွာမှာ ကျပ်သန်း(၆၈၉.၄၂၂)သန်းဖြင့်လည်း ဆောင်ရွက်ခဲ့တယ်လို့ အထက်ပါ အစီရင်ခံစာမှာ ပါရှိပါတယ်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း တစ်နေရာမှ စစ်ဘေးရှောင် ပြည်သူများကို တွေ့ရစဉ်။ - ပုံဟောင်း / Crd
September 1, 2026
ကရင်နီပြည်တွင် တွေ့ရှိရသည့် မြေပြင်အခြေအနေများနှင့် တရားရုံးသို့ တက်လာသည့် အမှုအခင်းများကြောင့်...
ဓာတ်ပုံ - (ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့်မြင်ကွင်း - ပုံဟောင်း / CHDN)
August 31, 2026
ကရင်နီပြည်၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး...
ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...