ကယန်းဒေသအတွင်း အစိုးရဆရာ/မ မလုံလောက်တဲ့ ကျောင်းတွေမှာ စေတနာ့ဝန်ထမ်း (၈၀) ဦးစေလွှတ်မည်

ကယန်းဒေသအတွင်း အစိုးရဆရာ/မ မလုံလောက်တဲ့ ကျောင်းတွေမှာ စေတနာ့ဝန်ထမ်း (၈၀) ဦးစေလွှတ်မည်

ခွန်းကလိုင်းဖရီး — စေတနာ့ဝန်ထမ်း အယောက်(၈၀) က ကျောင်း ဆရာ/မ မလုံလောက်တဲ့ ကယန်းတိုင်းရင်းသား ဒေသဘက်က ကျောင်းတွေမှာ သွားရောက်စာသင်ကြားပေးဖို့ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ကနေ ဦးဆောင်နေတာဖြစ်ပါတယ်။

ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ရဲ့ ပညာရေး စီမံကိန်းတာဝန်ခံ ခွန်းမောင်တင်က “ အဓိက ကယန်းဒေသမှာ ဆရာ၊မ မလုံလောက်မှုဖြစ်စဉ်တွေကို ကူညီထောက်ပံ့ချင်တယ်။ အဲ့ဒါရဲ့ နောက်ဆက်တွဲမှာ ပြန်စဉ်းစားမယ်ဆိုရင် ကျောင်းသူ၊သား ကျောင်းထွက်နှုန်းကို လျော့ချစေချင်တယ်ပေါ့။ ဒီအချက်နဲ့ ကျနော်တို့ စေလွတ်ပါတယ်။” လို့ ပြောပါတယ်။

ကယန်းဒေသကတော့ ရှမ်းပြည်နယ်ရှိ ဖယ်ခုံမြို့နယ်၊ ပင်လောင်းမြို့နယ်နဲ့ ဆီဆိုင်မြို့နယ်၊ ကယားပြည်နယ်ရှိ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်နဲ့ မယ်စဲ့မြို့နယ်၊ ကရင်ပြည်နယ်ရှိ သံတောင်ကြီး မြို့နယ်၊ နေပြည်တော်ကောင်စီနယ်မြေရှိ ပျဉ်းမနားမြို့နယ်နဲ့ လယ်ဝေးမြို့နယ်ရှိ ကျောင်းပေါင်း (၇၀)ခန့်ကို ပေးပို့ စေလွှတ်သွားမယ်လို့ ဆိုပါတယ်။

တချို့ကျေးရွာတွေမှာကတော့ အစိုးရကနေ သတ်မှတ်ထားတဲ့ ကျောင်းသားဦးရေမပြည့်မှီတာကြောင့် ကျောင်းဆရာ/မ ချပေးတာမရှိတဲ့အတွက် ကိုယ်ထူကိုယ်ထဖွင့်နေကြရပြီး ဆရာ/မလိုအပ်ချက်တွေကိုတော့ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ (KNGY)အဖွဲ့က ကူညီပေးနေတာဖြစ်ပါတယ်။

“ကျနော်တို့ ကျောင်းခါကျတော့ လူဦးရေနည်းတာပေါ့လေ။ လူဦးရေနည်းတော့ အစိုးရစံချိန်စံနှုန်းနဲ့ မမှီဘူးပေါ့။ အဲ့ခါကျတော့ အစိုးရက အဆင်မပြေဘူး။ အဲ့ကြောင့်မို့ နှစ်တိုင်းပဲ KNGY ဆရာ၊ မကို ခေါ်တာပေါ့။” လို့ ရှမ်းတောင်၊ ဖယ်ခုံမြို့နယ်၊ မောင်တိုးရွာဟောင်းမှာ နေထိုင်တဲ့ ခွန်းသားငယ်က ပြောပါတယ်။

ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့က စေတနာ့ဝန်ထမ်း ဆရာ၊မတွေကို နွေရာသီဆရာဖြစ် ၂ လ သင်တန်း ပေးထားပြီး ၎င်းသင်တန်းမှ သင်ကြားမှုနည်းလမ်းနှင့်ဗျူဟာ၊ အတန်းစီမံခန့်ခွဲမှု၊ စီစစ်အကဲဖြတ်ခြင်း၊ ကလေးသူငယ်အခွင့်အရေးနဲ့ အခြေခံအင်္ဂလိပ်စာ စတဲ့ဘာသာရပ်တွေကို သင်ကြားပို့ချပြီး ဖြစ်တယ်လို့ သိရပါတယ်။

ကယန်းမျိုးဆက်သစ်လူငယ်ကစေလွတ်တဲ့ စေတနာ့ဝန်ထမ်းတွေဟာ မူလတန်းအဆင့်ကိုတာ သင်ကြား ပေးမှာဖြစ်ပြီး အဆိုပါ ဆရာ၊မတွေဟာ အစိုးရအကျောင်းတွေမှာ (၈၀) ရာခိုင်နှုန်းနဲ့ ကိုယ်ထူကိုယ်ထ ကျောင်းတွေမှာ (၃၀) ရာခိုင်နှုန်း ဝင်ရောက် သင်ကြားသွားမယ်လို့ ဆိုပါတယ်။

၎င်းတို့ရဲ့ ပညာရေးကဏ္ဍမှ နှစ်စဉ် ကျောင်းသူ၊သား ၆၀၀၀ ဦးခန့်အပေါ် အကျိုးသက်ရောက်မှုရှိပြီး စာသင်ကျောင်းနဲ့ ကလေးတွေအတွက် သင်ထောက်ကူပစ္စည်းတွေကို ပြည်ပအလှူရှင်တွေရဲ့ အကူအညီနဲ့ ထောက်ပံ့ပေးတာတွေ ရှိတယ်လို့ ဆိုပါတယ်။

ကယန်းဒေသတွင်း စေတနာ့ဝန်ထမ်းဆရာ၊ မတွေကို စေလွှတ်နိုင်ဖို့အတွက် အစိုးရရဲ့ထုတ်ပြန်ချက်တွေကို စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။

ကယန်းမျိုးဆက်သစ်လူငယ်အနေနဲ့ စေတနာ့ဝန်ထမ်းစေလွတ်တဲ့ ပညာရေးလုပ်ငန်းစဉ်ကို ၂၀၀၇ ခုနှစ်ကနေ စတင်ခဲ့ပေမယ့် ၂၀၁၂-၁၃ ပညာသင်နှစ်မှသာလျင် ဆရာ၊မ မွေးထုတ်စေလွှတ်တာကို ထဲထဲဝင်ဝင်လုပ် ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ - (ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့်မြင်ကွင်း - ပုံဟောင်း / CHDN)
August 31, 2026
ကရင်နီပြည်၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး...
ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...