ကယားပြည်နယ် ဖားဆောင်းတွင် KNP သုံးနေရာ ဝင်ပြိုင်မည်

ကယားပြည်နယ် ဖားဆောင်းတွင် KNP သုံးနေရာ ဝင်ပြိုင်မည်

စောထွန်းလင်း — ကယားပြည်နယ် (ကရင်နီပြည်)၊ ဘော်လခဲခရိုင်၊ ဖားဆောင်းမြို့တွင် ကရင်အမျိုးသားပါတီ(KNP)က လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် သုံးနေရာ ဝင်ပြိုင်သွားမည်ဟု ဖားဆောင်းမြို့နယ်၊ ဥက္ကဋ္ဌ စောဘီဝမ်းက ဇူလိုင် ၂၀ ရက်တွင် ကေအိုင်စီသို့ ပြောသည်။

ဖားဆောင်းတွင် KNP က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်နေရာနှင့် ပြည်နယ်လွှတ်တော်အတွက် တစ်နေရာဝင်ပြိုင်သွားမည်ဖြစ်ကာ ဝင်ပြိုင်မည့်ကိုယ်စားလှယ် လောင်းများသည် အမျိုးသားများဖြစ်သည်ဟု KNP ဖားဆောင်းမြို့နယ် အလုပ်အမှုဆောင်အဖွဲ့နှင့် ပါတီဌာနချုပ် ထိပ်ပိုင်းခေါင်းဆောင်များက ပြောသည်။

“ကျနော်တို့ မြို့နယ်မှာ တချို့က ပါတီနိုင်ငံရေးနဲ့ နှစ် ၇၀ လောက်စိမ်းနေတာရှိတယ်။ တချို့ကလည်း ကရင်ပါ တီတွေနဲ့ စိမ်းနေတာလည်း ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပါတီကြီးတွေနဲ့ ပြည်နယ်အခြေစိုက်ပါတီတွေ လည်းရှိတော့ ကရင်အမျိုးသားပါတီနဲ့ စိမ်းနေတာမျိုးတော့ရှိတယ်။ သုံးနေရာလုံးအတွက် အကောင်းဆုံးကြိုးစားမယ်။ ရမယ်လို့ မျှော်မှန်းထားတယ်” ဟု စောဘီဝမ်းက ပြောသည်။

ကရင်အမျိုးသားပါတီအနေဖြင့် ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်တွင် မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ရုံးဖွင့်လှစ်ခြင်းကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီးနောက် ယခုလို ရွေးကောက်ပွဲဝင်ရန် ညှိနှိုင်းဆုံးဖြတ်ခဲ့ခြင်းဖြစ်သလို အထွေထွေရွေးကောက်ပွဲများတွင် ကယားပြည်နယ်၌ ကရင်ပါတီတို့ ပထမ ဦးဆုံးအကြိမ် ဝင်ရွေးခံခြင်းလည်းဖြစ်သည်။

ကယားပြည်နယ်၊ ဘော်လခဲခရိုင်၊ ဖားဆောင်းမြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပြန်သည့် ၂၀၁၉ ခုနှစ်ထိ စားရင်းများအရ စုစုပေါင်းလူဦးရေ ၂၃,၄၈၅ ဦးရှိကာ ကရင်လူမျိုး ၁၄,၈၆၃ ဦးရှိပြီး စုစုပေါင်း မြို့နယ်လူဦးရေ၏ ၆၃ ဒသမ ၂၆ (၆၃.၂၆)ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။ ထို့အပြင်၂၀၁၅ ခုနှစ်မဲ စာရင်း အရ ဖားဆောင်းတွင် မဲဆန္ဒရှင် ၁၂,၄၆၉ ဦးရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်တွင် ၂၀၁၀ ရွေးကောက်ပွဲ၌ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနိုင်ရခဲ့သလို၊ ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့  အသီးသီး အနိုင်ရရှိထားသည်။

May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...