ဧရာဝတီတိုင်း စာ/ယဉ် ဒုဥက္ကဋ္ဌ မန်းဝင်းမောင် တစည ကိုယ်စားပြုရွေးကောက်ပွဲ ဝင်ပြိုင်မည်

ဧရာဝတီတိုင်း စာ/ယဉ် ဒုဥက္ကဋ္ဌ မန်းဝင်းမောင် တစည ကိုယ်စားပြုရွေးကောက်ပွဲ ဝင်ပြိုင်မည်

စောထွန်းလင်း — ဧရာဝတီတိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဒုဥက္ကဋ္ဌ မန်းဝင်းမောင်သည် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ(တစည) ကိုယ်စားပြုကာ ပန်းတနော်မြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၌ ၂၀၂၀ ပါတီစုံရွေးကောက်ပွဲကို ဝင်ပြိုင်သွားမည်ဟု ၎င်းက ကေအိုင်စီသို့ အတည်ပြု ပြောသည်။

မန်းဝင်းမောင်သည် ပန်းတနော်မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီတွင် နှစ် ၃၀ ကျော် ပါဝင်လုပ်ဆောင်ခဲ့ပြီး၊ ကော်မတီအတွင်းရေးမှူး၊ ဒုဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်ခဲ့ကာ တိုင်းစာယဉ်တွင် မအူပင် ခရိုင်ကိုယ်စားပြု ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသူ ဖြစ်သည်။

၎င်းက “တစညကို ရွေးဖြစ်တဲ့အကြောင်းကတော့ ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တုန်းက ၁၅ နှစ်လောက် လက်တွဲခဲ့ဖူးတဲ့ သံယောဇဉ် ရှိတာပေါ့ဗျာ။ ကျနော် ၁၉၈၈ နောက်ပိုင်း ဘယ်ပါတီမှမဝင်ဘဲ ကိုယ့်အမျိုးသားရေးပဲ ဆောင်ရွက်ခဲ့တယ်။ အရင်လက်တွဲခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဆရာသမားတွေက ခေါ်တဲ့အခါ ကရင်ပါတီတွေနိုင်ဖို့ လုပ်ဆောင်ပေးရမှာမို့ ပထမက ငြင်းပါတယ်။ ထပ်ခေါ်တဲ့အတွက် အခုလို ဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တာပါ” ဟု ဇူလိုင် ၁၇ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

ယခုလို ရွေးကောက်ပွဲ ဝင်မည်ဖြစ်သည့်အတွက် ၎င်းအနေဖြင့် ပန်းတနော်မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူးအဖြစ်မှ နုတ်ထွက်ကာ နယကအဖြစ်သာ ဆောင်ရွက်တော့မည်ဟု မန်းဝင်းမောင်က ပြောသည်။

မန်းဝင်းမောင်သည် ဆိုရှယ်လစ်လမ်းစဉ်ပါတီတွင် ၁၅ နှစ်ခန့်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် မူလတန်းပြဆရာ၊ မူလ တန်းကျောင်းအုပ်၊ အလယ်တန်းပြဆရာ အဖြစ် ၂၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။ သူသည် ပန်းတနော်မြို့နယ် ဇာတိဖြစ်ကာ လက်ရှိ အသက် ၆၈ နှစ်ရှိပြီးဖြစ်သည်။

ကရင်လူမျိုးထက်ဝက်ကျော်နေထိုင်သည့် ပန်းတနော်မြို့နယ်တွင် ပြည်သူ့လွှတ်တော်နေရာအတွက် ၂၀၁၀ ရွေး ကောက်ပွဲတွင် တစည ပါတီကိုယ်စားပြု မန်းမောင်မောင်ဉာဏ်က အနိုင်ရခဲ့ဖူးပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြု မန်းညွှန့်သိန်းတို့ အသီးသီးအနိုင်ရခဲ့ဖူးသည်။

May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...