နယ်မြေမငြိမ်းချမ်းမူကြောင့်ပလက်ဝနယ်တွင်ကျောင်းဆရာ၊ဆရာမလာရောက်ထမ်းဆောင်လိုသူနည်းပါး

နယ်မြေမငြိမ်းချမ်းမူကြောင့်ပလက်ဝနယ်တွင်ကျောင်းဆရာ၊ဆရာမလာရောက်ထမ်းဆောင်လိုသူနည်းပါး

Salai Khup Khup - နယ်မြေမငြိမ်းချမ်းမူကြောင့်ပလက်ဝမြို့နယ်ရှိအထက်တန်းကျောင်း တိုင်းတွင်ကျောင်းဆရာ၊ဆရာမလာရောက်ထမ်းဆောင်လိုသူနည်းပါးကြောင်း အထက်တန်းပြ ဆရာ/ ဆရာမ လိုအပ်ချက်များ ရှိနေကြောင်း ပလက်ဝပညာရေးမှူး ဦးအောင်မင်းက ပြောသည်။

ပလက်ဝမြို့ ပညာရေးမှူး ဦးအောင်မင်းက “ပလက်ဝမြို့နယ်မှာရှိတဲ့ အ.ထ.က ကျောင်းတိုင်းလိုလို အထက်တန်းပြ ဆရာ/ဆရာမ လိုအပ်မှုရှိတယ်။ ကျောင်းဆရာ၊မအပြောင်းအရွှေ့များပြီး တိုးလာတဲ့ လူအင်အား နည်းလို့လည်း ဖြစ်တယ် တခြားမြို့နယ်က ဆရာ/ဆရာမ တွေကလည်း ကျတော်တို့မြို့နယ်ကို မလာရဲတာလည်းအဓိကဖြစ်တယ်”ဟုပြောသည်။

ပလက်ဝမြို့နယ် သံတောင်ကျေးရွာ အခြေခံပညာကျောင်းတွင်လည်း အထက်တန်းပြ ဆရာ/ ဆရာမ နှစ်ဦးသာ ရှိသောကြောင့် ဒေသခံ ကျောင်းသားမိဘ များမှ ပိုက်ဆံစုပေါင်းကာ စေတနာ့ဝန်ထမ်း ဆရာ/ဆရာမ များခန့်ရန် ပြင်ဆင်နေကြောင်း သိရသည်။

ဒေသခံ ကျောင်းသားမိဘတစ်ဦးက “မနေ့ကစပြီး ကျောင်းသား ဦးရေစာရင်း လက်ခံနေပြီ ကျောင်းသားဦးရေက ၁၀၀ ကျော်ဝန်း ကျော်လောက်ရှိမယ်လို့ ထင်တယ် အထက်တန်းပြ ဆရာ/ဆရာမ ကလည်း နှစ်ယောက်ဘဲရှိတယ်ဆိုတော့ ဒီမှာရှိတဲ့ ကျောင်းသားမိဘတွေ စုပေါင်းပြီးမှ အထက်တန်း သင်ပြပေးနိုင်မဲ့ ဆရာ/ဆရာမ သုံးယောက် ထပ်ခေါ်မယ်လို့ ဆုံးဖြတ်ကြတာဖြစ်တယ် အခုလောလောဆယ် နှစ်ယောက်ကတော့ ရောက်နေပြီ”ဟုပြောသည်။

သံထောင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် ခန့်မည့် စေတနာ့ ကျောင်းဆရာ/ ဆရာမ တစ်ဦးကို စရိတ်ငြိမ်း တလ ကျပ်(၄၅၀၀၀၀) ဖြင့် ကျောင်းသား မိဘများမှ ခန့်အပ်မည်ဖြစ်ကြောင်း သိရသည်။

ပလက်ဝမြို့နယ်တွင် အထက်တန်းပြ သင်ပြပေးနိုင်မည့် ဆရာ/ဆရာမ များကို ဒေသခံ လူများကို ဦးစားပေး ခေါ်ယူခန့်အပ်နိုင်ပါက ဆရာ/ဆရာမ လိုအပ်ချက်များကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ပလက်ဝမြို့ ပညာရေးမှူး ဦးအောင်မင်းက ပြောသည်။

ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...