နယ်မြေမငြိမ်းချမ်းမူကြောင့်ပလက်ဝနယ်တွင်ကျောင်းဆရာ၊ဆရာမလာရောက်ထမ်းဆောင်လိုသူနည်းပါး

နယ်မြေမငြိမ်းချမ်းမူကြောင့်ပလက်ဝနယ်တွင်ကျောင်းဆရာ၊ဆရာမလာရောက်ထမ်းဆောင်လိုသူနည်းပါး

Salai Khup Khup - နယ်မြေမငြိမ်းချမ်းမူကြောင့်ပလက်ဝမြို့နယ်ရှိအထက်တန်းကျောင်း တိုင်းတွင်ကျောင်းဆရာ၊ဆရာမလာရောက်ထမ်းဆောင်လိုသူနည်းပါးကြောင်း အထက်တန်းပြ ဆရာ/ ဆရာမ လိုအပ်ချက်များ ရှိနေကြောင်း ပလက်ဝပညာရေးမှူး ဦးအောင်မင်းက ပြောသည်။

ပလက်ဝမြို့ ပညာရေးမှူး ဦးအောင်မင်းက “ပလက်ဝမြို့နယ်မှာရှိတဲ့ အ.ထ.က ကျောင်းတိုင်းလိုလို အထက်တန်းပြ ဆရာ/ဆရာမ လိုအပ်မှုရှိတယ်။ ကျောင်းဆရာ၊မအပြောင်းအရွှေ့များပြီး တိုးလာတဲ့ လူအင်အား နည်းလို့လည်း ဖြစ်တယ် တခြားမြို့နယ်က ဆရာ/ဆရာမ တွေကလည်း ကျတော်တို့မြို့နယ်ကို မလာရဲတာလည်းအဓိကဖြစ်တယ်”ဟုပြောသည်။

ပလက်ဝမြို့နယ် သံတောင်ကျေးရွာ အခြေခံပညာကျောင်းတွင်လည်း အထက်တန်းပြ ဆရာ/ ဆရာမ နှစ်ဦးသာ ရှိသောကြောင့် ဒေသခံ ကျောင်းသားမိဘ များမှ ပိုက်ဆံစုပေါင်းကာ စေတနာ့ဝန်ထမ်း ဆရာ/ဆရာမ များခန့်ရန် ပြင်ဆင်နေကြောင်း သိရသည်။

ဒေသခံ ကျောင်းသားမိဘတစ်ဦးက “မနေ့ကစပြီး ကျောင်းသား ဦးရေစာရင်း လက်ခံနေပြီ ကျောင်းသားဦးရေက ၁၀၀ ကျော်ဝန်း ကျော်လောက်ရှိမယ်လို့ ထင်တယ် အထက်တန်းပြ ဆရာ/ဆရာမ ကလည်း နှစ်ယောက်ဘဲရှိတယ်ဆိုတော့ ဒီမှာရှိတဲ့ ကျောင်းသားမိဘတွေ စုပေါင်းပြီးမှ အထက်တန်း သင်ပြပေးနိုင်မဲ့ ဆရာ/ဆရာမ သုံးယောက် ထပ်ခေါ်မယ်လို့ ဆုံးဖြတ်ကြတာဖြစ်တယ် အခုလောလောဆယ် နှစ်ယောက်ကတော့ ရောက်နေပြီ”ဟုပြောသည်။

သံထောင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် ခန့်မည့် စေတနာ့ ကျောင်းဆရာ/ ဆရာမ တစ်ဦးကို စရိတ်ငြိမ်း တလ ကျပ်(၄၅၀၀၀၀) ဖြင့် ကျောင်းသား မိဘများမှ ခန့်အပ်မည်ဖြစ်ကြောင်း သိရသည်။

ပလက်ဝမြို့နယ်တွင် အထက်တန်းပြ သင်ပြပေးနိုင်မည့် ဆရာ/ဆရာမ များကို ဒေသခံ လူများကို ဦးစားပေး ခေါ်ယူခန့်အပ်နိုင်ပါက ဆရာ/ဆရာမ လိုအပ်ချက်များကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ပလက်ဝမြို့ ပညာရေးမှူး ဦးအောင်မင်းက ပြောသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...