ဇွဲကပင်တောင်ပေါ်မှ ခုန်ချသည့် လူငယ်ရုပ်အလောင်းရှာတွေ့ ၁၅ ရက်အတွင်း ဒုတိယမြောက်ဖြစ်

ဇွဲကပင်တောင်ပေါ်မှ ခုန်ချသည့် လူငယ်ရုပ်အလောင်းရှာတွေ့ ၁၅ ရက်အတွင်း ဒုတိယမြောက်ဖြစ်

နန်းဝေဖြိုးဇာ - ဇွဲကပင်တောင်ပေါ်မှ ဇူလိုင် ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ခုန်ချသတ်သေသည့် လူငယ်ရုပ်အလောင်းကို ညနေ ၅ နာရီ ကျော်တွင် ပြန်လည်တွေ့ရှိခဲ့ပြီး ၁၅ရက်အတွင်း ဒုတိယမြောက်ခုန်ချသတ်သေမှှုဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ အလောင်းကိုတော့ ဒရုန်းနဲ့လည်း တွေ့တယ်။ ဒါပေမယ့် မသဲကွဲဘူးပေါ့၊ မသဲကွဲတော့ မြေပြင်တစ်ဖွဲ့ကနေပြီး ပတ်ရှာတဲ့အခါမှာ သွားတွေ့ပါတယ်။ ပြုတ်ကျတဲ့နေရာက မြေပြင်ကနေ ၆၂၃ ပေပါ။ တောင်ပေါ်ကနေ ဆို ရင်တော့ ပေ ၂,၇၀၀ လောက်ရှိမယ်ထင်တယ်။ မြန်မြန်တွေ့တော့ အလောင်းကို သယ်လာဖို့ အဆင်ပြေသွားတာပေါ့” ဟု ကရင်ပြည်နယ် မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးဝင်းက ကေအိုင်စီသို့ပြောသည်။

အဆိုပါ ကိုယ့်ကိုယ်ကို သတ်သေသည့် လူငယ်သည် ဖားအံတက္ကသိုလ် ဘူမိဗေဒ ပထမနှစ်ကျောင်းသားဖြစ်ပြီး ဇူလိုင် ၁၀ ရက် နံနက် ၇နာရီ ဝန်းကျင်ခန့်တွင် တောင်ပေါ်သို့တက်ကာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ပြီး ယခုလို ခုန်ချသွားခြင်းလည်း ဖြစ်သည်။

ထို့အပြင် ကိုယ့်ကိုယ်ကိုသေကြောင်းကြံသွားသည့် လူငယ်သည် သူ၏ မိဘများကို စာတစ်စောင်ချန်ထားခဲ့သလို ဆိုင်ကယ်နှင့် အိတ်တစ်လုံးလည်း ဇွဲကပင်တောင် အရှေ့ဘက် ခလောက်နို့ဘက်ခြမ်းတွင် ချန်ထားသည်ဟု သိရသည်။

ပြီးခဲ့သည့်လ ဇွန် ၂၅ ရက်နေ့တွင်လည်း ဖားအံတက္ကသိုလ်ကျောင်းသူတစ်ဦးလည်း ဇွဲကပင်တောင်ပေါ်တက်ပြီး ခုန်ချသေဆုံးမှုဖြစ်ပွားခဲ့သေးသလို ပျောက်ဆုံးပြီး ၁ရက်ကျော်မှ ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်။

Most read this week

December 18, 2025
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး-ဂျိုင်းမြစ်လမ်းကြောင်းမှတစ်ဆင့် မော်လမြိုင်မြို့ဘက်သို့...
December 18, 2025
KNU – ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဘုရားသုံးဆူမြို့နယ်ခွဲ၊ ကြိမ်ချောင်း (လေးဝါးဖလို့)...
December 17, 2025
စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့...
Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...