ထိုင်း-မြန်မာ အမှတ်(၁) တံတားပေါ်မှ တပိုင်တနိုင် နှစ်နိုင်ငံကုန်သွယ်မှုအတွက် ခွင့်ပြုသွားဖွယ်ရှိ

ထိုင်း-မြန်မာ အမှတ်(၁) တံတားပေါ်မှ တပိုင်တနိုင် နှစ်နိုင်ငံကုန်သွယ်မှုအတွက် ခွင့်ပြုသွားဖွယ်ရှိ

နေနော် - ထိုင်း-မြန်မာနယ်စပ်၊ မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားမှတဆင့်  ဒေသသုံး ကုန်ပစ္စည်း ၁၄၆ မျိုးထဲမှ ကျပ် ၁၀ သိန်းအောက် တပိုင်တနိုင် ကုန်သွယ်ခွင့်အား လာမည့် ဇူလိုင်လ ၁၄ ရက် နောက်ပိုင်းမှာ ခွင့်ပြုသွားဖွယ်ရှိကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်ထံက ဇူလိုင် ၁၀ရက်နေ့တွင် ပြောသည်။

 

“အမှတ် ၁ တံတားကနေပြီးတော့ နှစ်နိုင်ငံ ကနဦးညှိနှိုင်းမှုအရ ခွင့်ပြုထားတဲ့ လူသုံးကုန်ပစ္စည်း ၁၄၆ မျိုးကို တစ်ကြိမ်လျှင် ကျပ် ၁၀ သိန်းအောက် နှစ်နိုင်ငံကုန်စည်ဖြတ်သန်းမှုအတွက် ပြန်လည်အသုံးပြုနိုင်ဖို့ လာမယ့် ဇူလိုင်လ ၁၄ ရက်နေ့မှာ နှစ်ဖက်တာဝန်ရှိသူများ အသေးစိတ် ဆွေးနွေးသွားဖို့ရှိပါတယ်။ အမှတ် ၁ တံတား ကနေ ကားတစ်စီးကို ယာဉ်မောင်း တစ်ဦးနှင့် ကုန်သွယ်မှုပြုမည့်သူ တစ်ဦးသာ ဖြတ်သန်းသွာလာခွင့်ရှိပြီး  လူ အဝင်အထွက်ကို ကန့်သတ်ထားကာ  ကုန်သွယ်မှုအတွက်ကိုပဲ ကနဦး အသုံးပြုသွားမှာပါ။” ဟုပြောသည်။

ထို့နောက် COVID-19 ရောဂါ ထိန်းချုပ်နိုင်မှု အခြေအနေပေါ်မူတည်ပြီး နယ်စပ်နေပြည်သူများအား (TBP- Travel Border Pass) ယာယီတံတားဖြတ်သန်းခွင့်လက်မှတ်ဖြင့် နယ်စပ်ကူးလူးသွားလာမှုအား ခွင့်ပြုသွားမည်ဟုလည်း  ဦးတေဇာ အောင်က ဆက်ပြောသည်။

လတ်တလော ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်စည် စီးဆင်းမှုအား လက်ရှိ အမှတ်(၂)ချစ်ကြည်ရေး တံ တားပေါ်တွင်သာ ခွင့်ပြုပေးထားပြီး ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ နေရပ်ပြန်လာသည့် မြန်မာရွှေ့ပြောင်း အလုပ် သမားများအား ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ လက်ခံကြိုဆိုလျက်ရှိသည်။

ကိုဗစ်ကပ်ရောဂါ ကာလ၏ မတ်လမှ ဇွန်လ ကုန်ထိ ၄ လအတွင်း အမှတ်(၂) တံတားမှတဆင့်  နှစ်နိုင်ငံ ကုန်သွယ်မှု အခြေအနေတွင် မြန်မာဘက်ခြမ်းမှ သွင်းကုန်မှာ ပုံမှန်အနေအထားတွင် ရှိသော်လည်း ထိုင်း ဘက်ခြမ်းမှ သွင်းကုန်များမှာ သုံးပုံတစ်ပုံခန့် လျော့နည်းသွားသည်ဟု နယ်စပ်ကုန်သွယ်မှု လစဉ်စာရင်းအရ သိရကြောင်း  ခရိုင်အုပ်ချုပ်ရေးမှူးက ဆက်ပြောသည်။

 

လက်ရှိ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှုအား အမှတ်(၂) တံတားဝင်ပေါက်တစ်ခုတည်းသာ အသုံးပြုခွင့်ပြုထားပြီး နယ်ခြား သောင်ရင်းမြစ်ကမ်းတလျှောက်ရှိ လှေဂိတ်များအား ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။

May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...