ကရင်လူငယ်ထု တစ်ရပ်လုံးအတွက်အရေးပါမည့် ကရင်လူငယ်မဟာဗျူဟာမူကြမ်းတစ်ခု ထွက်ရှိမည်

ကရင်လူငယ်ထု တစ်ရပ်လုံးအတွက်အရေးပါမည့် ကရင်လူငယ်မဟာဗျူဟာမူကြမ်းတစ်ခု ထွက်ရှိမည်

စဖန်းရှောင်း - ကရင်လူငယ်များအနေဖြင့် မတူညီသောနယ်ပယ်ဒေသအသီးသီး၊ ကဏ္ဍအသီးသီးများမှတဆင့် တူညီသော ဘုံရည်မှန်းချက်များဖြင့် ကရင်အမျိုးသားရေးပန်းတိုင်နှင့် နိုင်ငံတည်ဆောက်မှုလုပ်ငန်းများတွင် ပါဝင်လာနိုင်ရေးအတွက် ရည်ရွယ်ရေးဆွဲနေသည့် ကရင်လူငယ်မဟာဗျူဟာရေးဆွဲလုပ်ငန်းစဉ်မှ မူကြမ်း တစ်ခုထွက်ရှိ လာတော့မည်ဖြစ်ကြောင်း သိရသည်။

ကရင်လူငယ်ထုတစ်ရပ်လုံးနှင့်သက်ဆိုင်သည့် မဟာဗျူဟာမူကြမ်းရေးဆွဲနိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပ၊ နယ်စပ်ရှိ ကရင်လူငယ်အဖွဲ့အစည်းအသီသီးမှ ကရင်လူငယ်များပါဝင်သည့် မူကြမ်းရေးဆွဲရေးကော်မတီဖွဲ့ စည်းကာ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့အကောင်အထည်ဖော်ဆောင်ရွက်မှုများ၏ နောက်ဆက်တွဲအနေဖြင့် မူကြမ်းရေးဆွဲရေးကော်မတီမှ ယခု ဇူလိုင် ၃ ရက်မှ ၉ ရက်နေ့အထိ ရန်ကုန်တွင် မူကြမ်းရေးဆွဲရေးနှင့်ပတ်သက်သည့် အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ပြီးနောက် အဆိုပါ မူကြမ်းတစ်ခု ထွက်ရှိလာမည်လည်းဖြစ်သည်။

ကရင်လူငယ်မဟာဗျူဟာရေးဆွဲရေး ဦးဆောင်စည်းရုံးရေးအဖွဲ့မှ စောထွန်းထွန်းက “ ဒီဟာက ပြီးခဲ့တဲ့ ၂၀၁၉  စက်တင် ဘာလ မဲဆောက်မှာ ကရင်လူငယ်တွေတွေ့ဆုံပြီး ဆွေးနွေးခဲ့တဲ့ ပွဲရဲ့နောက်ဆက်တွဲပေါ့။ ဒါကိုမဟာ ဗျူဟာရေး ဆွဲရေးမူ ကြမ်းအဖွဲ့ကနေရေးဆွဲနေတာ၊ အခု Zero Draft စပြီးဆွဲတဲ့အချိန်ပေါ့။ အခု ဒီ ၅ ရက် ၆ ရက်ပြီးသွားရင်တော့ ကရင် လူငယ်မဟာဗျူဟာ Zero Draft ထွက်လာမယ်။ Final Draft ကတော့ဒီလထဲထပ်ထွက်လာဖို့ရှိတယ်” ဟုပြောသည်။

ကရင်လူငယ်မဟာဗျူဟာမူကြမ်းတွင် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ အခွင့်အရေး၊ ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဘာသာ စကားစသည့် ကဏ္ဍပေါင်း ၁၈ ခုပါဝင်မည်ဖြစ်ပြီး မူကြမ်းရေးဆွဲရေးကော်မတီထဲတွင်ပါဝင်သူများမှ ၎င်းတို့တာဝန်ယူ ထားသည့် ကဏ္ဍအသီးသီးများနှင့်ပတ်သက်သည့် အချက်အလက်များ ကောက်ယူစုဆောင်းကာ ရေးဆွဲခဲ့ကြခြင်းဖြစ်သည်ဟု မူကြမ်းရေးဆွဲရေးကော်မတီထံမှ သိရသည်။

မကြာမီထွက်ရှိလာမည့် အဆိုပါမူကြမ်းများကို သက်ဆိုင်ရာအခန်းကဏ္ဍအသီးသီးများမှ တာဝန်ရှိသူများ၊ အကြံ ပေးကော် မတီများထံပေးပို့မည်ဖြစ်ပြီး ထို့မှတဆင့်ရရှိလာသည့်အချောသတ်မူကြမ်းများကို ကရင်လူငယ်နှီး နှောဖလှယ်ပွဲ၊ KYO ကွန် ဂရက်၊ ထိုမှတစ်ဆင့် KNU ကွန်ဂရက်များထံတင်ပြပြီးမှ အဆင့်ဆင့် အတည်ပြုရရှိထားသည့် လုပ်ငန်းစဉ်များအတိုင်း ကရင်လူငယ်များအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားကြမည်ဖြစ်သည်ဟု သိရသည်။

May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...