အင်းတော်ကြီးကန်ရေပြင် တစ်ပေကျော်ခန့်နိမ့်ကျနေ

အင်းတော်ကြီးကန်ရေပြင် တစ်ပေကျော်ခန့်နိမ့်ကျနေ
ရေခမ်းခြောက်နေသည့် ဘုရားသွားသည့်စက်လှေဆိပ်
ရေခမ်းခြောက်နေသည့် ဘုရားသွားသည့်စက်လှေဆိပ်

အင်းတော်ကြီးကန်ရေပြင်သည် ယခင်ထက် (၁) ပေကျော်နိမ့်ကျလျှက်ရှိကြောင်း အင်းတော်ကြီးဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းက ပြောကြားသည်။

အင်းတော်ကြီးကန်ရေပြင် လစဉ်တိုင်းတာမှုများအရ ကန်ရေပြင်သည် အတိမ်ဆုံးနေရာသည် (၈)ပေရှိပြီး အနက်ဆုံးနေရာသည် ပေ(၆၀) ရှိကြောင်း၎င်း ကဆိုသည်။

“ မနှစ်တုန်းကမေလနဲ့ ဒီနှစ်မေလ တိုင်းတာမှုအရတော့ တစ်ပေနဲ့ ခြောက်လက်မလောက်လျော့သွားတယ်” ဟု ဦးမောင်ဝင်းကဆိုသည်။

၂ဝ၁၉ ခုနှစ်တွင် မိုးရွာသွန်းရက်သည် ၆၅ ရက်သာရွာသွန်းပြီး မိုးရေချိန်လက်မှ ၄၅ လက်မကျော်ခန့်သာရှိသောကြောင့် ကန်ရေပြင်မြင့်တက်ခဲ့ခြင်းမရှိခဲ့ခြင်းနှင့် ယခုနှစ်တွင်လည်း မိုးကောင်းမွန်စွာမရွာသွန်းသေး သောကြောင့်ဟု ဆိုသည်။

ရာသီဥတုပြောင်းလဲမှုများ အင်းတော်ကြီးကန်၏ ရေဝေရေလဲဒေသများတွင် သစ်ထုတ်လုပ်မှုများနှင့် ရွှေတူးဖော်မှုများ၏ မျှောမြှီးများသည်လည်း အင်းတော်ကြီးကန်ရေလျှော့ကျလာရသည့်အကြောင်းရင်းများဖြစ် သည်ဟုဆိုသည်။

 ယခုနှစ်ရေကျမှုသည် ဒေသခံများယုံကြည်သည့် ဘုရားသွားသည့် နတ်လမ်းပေါ်လာခြင်းနှင့် ဟဲပုဆိပ်ကမ်း၊ မမုန်ကိုင်ဆိပ်ကမ်းများ သိသိသာသာပေါ်ထွန်းလာခဲ့သည်။

ထို့ကြောင့်လည်း ယခုအချိန်တွင် အင်းတော်ကြီးကန်ကို ဒေသတွင်းလာရောက်လည်ပတ်သူများနှင့် စည်ကားလျှက်ရှိနေသည်။

 

July 4, 2026
ပြည်တွင်း၌ ဓာတ်ဆီနှင့် ဒီဇယ်တစ်လီတာလျှင် ကျပ် ၃,၀၀၀ ကျော်အထိ ဈေးနှုန်းများ ကျဆင်းနေသော်လည်း...
၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...
July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...