ဗန်းမော်မြို့နယ် ရောဘတ်စ် စစ်ရှောင်စခန်းမှ ပြည်တော်ပြန်များကို အစိုးရ ချမှတ်ပေးထားရာတွင် မထားဘဲ စစ်ရှောင်စခန်းတွင် Quarantine ပြုလုပ်ထား

ဗန်းမော်မြို့နယ် ရောဘတ်စ် စစ်ရှောင်စခန်းမှ ပြည်တော်ပြန်များကို အစိုးရ ချမှတ်ပေးထားရာတွင် မထားဘဲ စစ်ရှောင်စခန်းတွင် Quarantine ပြုလုပ်ထား

ဗန်းမော်မြို့နယ်၊ အရှေ့ညောင်ပင်ရပ် ရပ်ကွက်ရှိ ရောဘတ်စ် စစ်ရှောင်စခန်းသို့ ရောက်ရှိလာသည့် ပြည်တော်ပြန် စစ်ရှောင်ပြည်သူ (၈)ဦးကို အစိုးရ ချမှတ်ပေးထားသည့် နေရာများတွင် မဟုတ်ဘဲ စစ်ရှောင်စခန်းတွင် နေထိုင်ကာ Quarantine ပြုလုပ်စေသောကြောင့် စိုးရိမ်မိကြောင်း ယင်းစစ်ရှောင်စခန်းရှိ Rev.လဗျ ထိန်နန်နော်ထံမှ  ဧပြီ၁၉ တွင် သိရသည်။

အဆိုပါ ပြည်တော်ပြန်များ မရောက်ရှိမီက အစိုးရဌာနဆိုင်ရာများ၊ NGO၊ UNHCRနှင့် အသင်းတော်မှ သတ်မှတ် ထားသည့် နေရာများတွင်သာ Quarantine ထားရှိရန် ညှိနှိုင်း သဘောတူထားသော်လည်း စစ်ရှောင်စခန်းမှ ပြည်တော်ပြန်များကို စစ်ရှောင်စခန်း၌သာ Quarantine ပြုလုပ်ရန် လာရောက်ပို့ဆောင်ထားကြောင်း ဆရာလဗျ ထိန်နန်နော်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

" အုပ်ချုပ်ရေးမှူးက Quarantine လုပ်ထားတဲ့ နေရာမရှိဘူး ပူးပေါင်း ပါဝင်ကြပါဆိုတော့ ဒီမှာပဲ ထားထား တာဖြစ်တယ်။ လူအရမ်းများတဲ့ နေရာမှာ လာထည့်ထားတဲ့အတွက် စိုးရိမ်တယ်။" ဟု ၎င်းက ပြောသည်။

မူလက အစိုးရသတ်မှတ်ထားသည့် နေရာတွင် ထားရန် စီစဉ်ထားသော်လည်း ယခုကဲ့သို့ စစ်ရှောင်စခန်းမှ ပြည်တော်ပြန်များကို ၎င်းတို့နေထိုင်ရာ စစ်ရှောင်စခန်းတွင်သာ Qurantineပြုလုပ်စေခြင်းနှင့် ပတ်သက်ပြီး အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသာ ဖြစ်သည်ဟု ခံယူကြောင်း၎င်းက ဆက်လက်ပြောသည်။

"တစ်ဖက်က ကြည့်မယ်ဆိုရင် အစိုးရကလည်း နေ့၊ ည မရွေး သူတို့ရော အခုချိန် အလုပ်ရှုပ်နေကြတယ်။ အပြစ်တင်မယ် ဆိုရင်လည်း အလုပ်များတာ မြင်တော့ နားလည်ပေးပါတယ်။ အစိုးရတွေ သတ်မှတ်ထားတဲ့ နေရာမှာပဲ လုပ်ပေးရင်တော့ အ‌ကောင်းဆုံးလို့ ထင်ပါတယ်။" ဟု ဆရာလဗျ ထိန်နန်နော်က ရှင်းပြပြောဆိုသည်။

လက်ရှိချိန်တွင် ယင်းစစ်ရှောင်စခန်းမှ ပြည်တော်ပြန်များကို သီးသန့်ခန်းများဖြင့် ထားရှိပြီး လိုအပ်သည်များကို စစ်ရှောင်စခန်းမှ Volunteerလူငယ်မြား၊ ကနြျးမာရေးဌာန၊ အစိုးရအဖှဲ့တို့နှင့် ပူးပေါင်းကာ ကြည့်ရှုပေးနေသော်လည်း စခန်းတွင် နေထိုင်သူပြည်သူ ၅ထောင်နီးပါးရှိသောကြောင့် စိုးရိမ်မိကြောင်း ပြည်တော်ပြန်တစ်ဦးဖြစ်သည့် ကိုဆိုင်းအောင်က ပြောသည်။

"ဖြစ်လာလို့ ရှိရင် လူအရမ်းများတဲ့အတွက် စိုးရိမ်ရတယ်။ ကျွန်တော်တို့ကိုယ်တိုင် စည်းကမ်းတွေကို သေချာ ဂရုတစိုက် လိုက်နာနေပါတယ်။'ဟု ၎င်းက ဆိုသည်။

၎င်းတို့ကို စစ်ရှောင်စခန်းဝန်းရှိ ဗန်းမော်၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ရုံး သုံးထပ်ဆောင်၌ ၁၅ပေပတ်လည်ခန်းမြားဖွငျ့ ထားရှိကာ စနစျတကြ ကွညျ့ကွပျထားကွောင်း ဆရာလဗျ ထိန်နန်နော်က ရှင်းပြသည်။

"အရင်ရောက်လာတဲ့ (၅)ယောက်က ကားတွေ အတူ စီးခဲ့တာ ဆိုတော့ မြေညီထပ် အခန်းတစ်ခန်းမှာ ခုတင်တွေနဲ့ ထားပေးတယ်။‌ နောက်ရောက်လာတဲ့ မိန်းကလေး နှစ်ယောက်ကို ဒုတိယထပ်မှာအခန်းတစ်ခန်းနဲ့။ ယောက်ျားလေးတစ်ယောကျကိုကတြော့ အခနျးတစျခနျး သီးသနျ့ ထားပါတယျ။"ဟု ၎င်းငျးက ပွောသညျ။

COVID-19ရောဂါသည် ကူးစက်မြန်ခြင်းကြောင့် စစ်ရှောင်ပြည်သူများအတွက် စိုးရိမ်၍ ၎င်းတို့နေထိုင်ရာ သုံးထပ်ဆောင်ကြီးဝန်းကို သော့ခတ်ထားပြီး အစားအသောက်များကို သီးသန့်သတ်မှတ်ထားသည့် နေရာတွင် ထားရှိပေးထားကြောင်းလည်း ၎င်းက ဆိုသည်။

"သူတို့ မထွက်လာအောင် သူတို့နေတဲ့ အဆောင်တစ်ခုလုံးကို သော့ခတ်ထားတယ်။ တံခါးစောင့်တဲ့ သူရောရှိ။ထမင်းတွေ ဆိုရင်လည်း ‌တစ်ခါသုံး ဖော့ဗူးနဲ့ သတ်မှတ်ထားတဲ့ နေရာမှာ ထားပေးတယ်။ အိမ်သာ၊ ရေချိုးခန်း တို့ဆိုရင်လည်း သီးသန့် သုံးခိုင်းထားတယ်။ ပြတင်းပေါက်က ထွက်မယ်ဆိုရင်‌

တောင်သံစကာတွေနဲ့ လုပ်ထားတော့ မရဘူး။ သေချာ စောင့်ကြည့် ထားတယ်"ဟု ၎င်းက ဆိုသည်။

ဗန်းမော်ခရိုင်တွင် မြို့နယ်အဆင့်အဖြစ် ဗန်းမော်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်နှင့် သက်ဆိုင်ရာ ကျောင်းအသီးသီးတွင် Quarantineပြုလုပ်မည့် နေရာများ စီစဉ်ထားပြီး ဖြစ်ကြောင်းလည်း ဆရာလဗျထိန်နန်နော်ထံမှ သိရသည်။

ယင်းစစ်ရှောင်စခန်းနှင့် ပတ်သက်၍ ဗန်းမော်ခရိုင် အုပ်ချုပ်ရေးမှူးထံ မြစ်ကြီးနားသတင်းဂျာနယ်မှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် မအားသေးသောကြောင့် မဖြေကြားပေးနိင်ကြောင်း ‌ဖြေဆိုခဲ့သည်။

Most read this week

December 10, 2025
နိုင်ငံတကာတရားစစ်ခုံရုံးကနေ စစ်ကော်မရှင်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးဖို့ ဒီကနေ့ကျရောက်တဲ့...
December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...