ပလက်ဝအတွက် ရိက္ခာဆန် အိတ် ၈၀၀ ကျော် ရောက်ရှိ

ပလက်ဝအတွက် ရိက္ခာဆန် အိတ် ၈၀၀ ကျော် ရောက်ရှိ

ချင်းပြည်နယ် ပလက်ဝမြို့အတွက် ရိက္ခာ ဆန်အိတ် ၈၃၀ ကို ရေလမ်းအတိုင်း စက်လှေဖြင့် သယ်ယူလာရာ ဧပြီ ၁၉ မွန်းလွဲပိုင်းတွင် ဆိုက်ရောက်ကြောင်း သိရသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်က  "နေ့လည် ၂ နာရီ ဝန်းကျင်လောက်မှာ ပလက်ဝမြို့ကို ရောက်ပြီလို့ သိရတယ် ။ ဆန်တွေကို ဖြန့်ဝေနေပြီလို့လည်း သိရတယ်”ဟုပြောသည်။

ဆန်အိတ် ၂၀ ခန့် ရေစိုခဲ့သော်လည်း ချက်ပြုတ်၍ ရနိုင်မည်ဟု သူက ဆက်ပြောသည်။

ကနဦးက အဆိုပါဆန်အိတ်များကို ဆမီးမြို့မှ ပလက်ဝမြို့သို့ ကား ၁၀ စီးဖြင့် သယ်ဆောင်လာရာ ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ခြိမ်းခြောက်ပစ်ခတ်မှုကြောင့် ပြန်လှည့်ခဲ့ရကြောင်း၊  သို့ဖြစ်၍ ကုလားတန်မြစ်ကြောင်းအတိုင်း စက်လှေဖြင့် ပြောင်းလဲသယ်ဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။

ဆန်အပါအဝင် ရိက္ခာများ၊ ဆေးဝါးများ ကနဦးတင်ဆောင်လာပြီး ပြန်လှည့်ရသည့် အဆိုပါကားများမှာ ဧပြီ ၁၉ ညနေတွင် ဆမီးသို့ လုံခြုံဘေးကင်းစွာ ပြန်ရောက်နေပြီဖြစ်ကြောင်း သိရသည်။

Most read this week

August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...