နယ်ဝေး ပြန်မည့် အကျဉ်းသားများကို မြစ်ကြီးနားမှ ရထားဖြင့် ပြန်ပို့ပေး

နယ်ဝေး ပြန်မည့် အကျဉ်းသားများကို မြစ်ကြီးနားမှ ရထားဖြင့် ပြန်ပို့ပေး

နိုင်ငံတော်သမ္မတ၏ နှစ်သစ်ကူးအထိမ်းအမှတ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အရ မြစ်ကြီးနားအကျဥ်းထောင်မှ လွတ်မြောက်လာပြီး နယ်ဝေးသို့ ပြန်ရမည့် အကျဥ်းသားများကို ရထားဖြင့် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှုး ဦးသန်းဝင်းက ပြောသည်။

မိုးညှင်း၊ မိုးကောင်း ၊ ဟိုပင်နှင့် အခြားဒေသများသို့ ပြန်ရမည့် အကျဥ်းသားများကို အကျဥ်းဦးစီးဌာနက ဦးစီးလျက် မြစ်ကြီးနားမြို့မှ မြို့နယ်အသီးသီးသို့ မီးရထားဖြင့် လိုက်လံပို့ဆောင်ပေးကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။

၎င်းက''အကျဥ်းဦးစီးဌာနက ဦးဆောင်ပြီး ဒီနေ့ ထွက်မယ့် မြစ်ကြီးနား - မန္တလေး ရထားနဲ့ ပို့မှာပါ''ဟု  ဧပြီ ၁၇တွင် ပြောသည်။

ယင်းနေ့က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကျဥ်းသူ/သား ၂၄၀၀၀ ကျော်ကို နိုင်ငံတော်သမ္မတက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး ကချင်ပြည်နယ်မှ  ၁၇၀၀ ကျော် ၊မြစ်ကြီးနားအကျဥ်းထောင်မှ  ၈၀၀ ကျော် လွတ်မြောက်ခဲ့ကြကြောင်း သိရသည်။

August 13, 2026
ကချင်ပြည်၊ တနိုင်း-လီဒိုလမ်းမပေါ် တစ်လျှောက်တွင် ဦးမင်းဇေသန့် ဦးဆောင်သော ဝါရာဇွပ်...
August 11, 2026
စစ်အုပ်စု၏ အမျိုးသမီး စစ်မှုထမ်း ခေါ်ယူမည့် ကိစ္စအပေါ် လုံးဝ လက်မခံနိုင်ကြောင်း မြန်မာနိုင်ငံ...
August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...