ကချင်ပြည်နယ်တွင် စျေးများ နံနက်ပိုင်းသာ ဖွင့်လှစ်တော့မည်

ကချင်ပြည်နယ်တွင် စျေးများ နံနက်ပိုင်းသာ ဖွင့်လှစ်တော့မည်

Ann - စည်ပင်သာယာစျေး၊ ကျေးလက်စျေး၊ ကုန်စိမ်း၊ သားငါးစျေးများကို နံနက်ပိုင်းတွင်သာ ဖွင့်လှစ်ရောင်းချရန်  ကချင်ပြည်နယ်အစိုးရအဖွဲ့က ဧပြီ ၁၄ရက်တွင်  ထုတ်ပြန်လိုက်သည်။

ဖော်ပြပါစျေးများကို နံနက် (၅)နာရီမှ မွန်းတည့်ချိန်အထိ ကျန်းမာရေး အသိအမြင်ဖြင့် နေရာချထား ဖွင့်လှစ်စေရန်၊ စျေးရောင်း၊စျေးဝယ်သူများအားလုံး နှာခေါင်းစည်း တပ်ဆင်ပြီး ရောင်းဝယ်ရန် နှင့် ညနေခင်းစျေးများ လုံးဝ(လုံးဝ) ဖွင့်လှစ်ရောင်းချခြင်းမပြုရန် ထုတ်ပြန်ထားသည်။

စျေးများကို နံနက် ၅နာရီမှ ၁၀နာရီထိ၊ ညနေ ၄နာရီမှ ၆နာရီထိ ဖွင့်လှစ်ရန် မကြာသေးမီ မတ်လ ၃၀ရက်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ထုတ်ပြန်ထားသော်လည်း ယခုအချိန်တွင် Covid 19ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ထပ်မံပြောင်းလဲ လိုက်ရခြင်း ဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း က မြစ်ကြီးနားသတင်းၐျာနယ်သို့ ပြောသည်။

"လူတွေက ထွက်လွန်းအားကြီးလို့ အပြင်မှာနေအားကြီးလို့ လူတွေကို ထိန်းချုပ်တာပါပဲ"ဟု မြို့နယ် အုပ်ချုပ်ရေးမှူး က ပြောသည်။

အဆိုပါ ထုတ်ပြန်စာတွင် ရပ်ကွက်၊ ကျေးရွာနေပြည်သူများအားလုံး အရေးကြီး အကြောင်းကိစ္စမရှိဘဲ နေအိမ်ပြင်ပ ထွက်ခွာမှု မရှိစေရေး၊ မဖြစ်မနေ ထွက်ခွာမည်ဆိုပါက mask တပ်ဆင်ပြီးမှသာ သွားရောက်စေရေး အသိပေးနှိုးဆော်ရန်၊ ရပ်ကွက်၊ကျေးရွာများတွင် သူစိမ်းဧည့်သည် ဝင်ရောက်ပါက သက်ဆိုင်ရာကို ချက်ချင်းသတင်းပို့ရန်၊ Covid 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ထုတ်ပြန်ထားရှိသော ဥပဒေများကို ပြည်သူများ လိုက်နာဆောင်ရွက်မှု ရှိစေရန် စသည့် အချက်များ ပါဝင်သည်။

ထုတ်ပြန်ကြေညာချက်များကို မလိုက်နာပါက တည်ဆဲဥပဒေအရ အရေးယူသွားမည်ဟုလည်း သိရသည်။

August 13, 2026
ကချင်ပြည်၊ တနိုင်း-လီဒိုလမ်းမပေါ် တစ်လျှောက်တွင် ဦးမင်းဇေသန့် ဦးဆောင်သော ဝါရာဇွပ်...
August 11, 2026
စစ်အုပ်စု၏ အမျိုးသမီး စစ်မှုထမ်း ခေါ်ယူမည့် ကိစ္စအပေါ် လုံးဝ လက်မခံနိုင်ကြောင်း မြန်မာနိုင်ငံ...
August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...