ချင်းပြည်နယ်တွင် လမ်းပန်းအခက်အခဲကြောင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ရန် စာရင်း ကောက်ယူရ ခက်ခဲနေ

ချင်းပြည်နယ်တွင် လမ်းပန်းအခက်အခဲကြောင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ရန် စာရင်း ကောက်ယူရ ခက်ခဲနေ

Salai Benezer — နိုင်ငံတော်အစိုးရက COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်းပြီး မဟာသင်္ကြန် ရုံးပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် ထောက်ပံ့ပစ္စည်းပေးအပ်မည့် အစီအစဉ်အတွက် ချင်းပြည်နယ်အတွင်း စာရင်းလိုက်လံကောက်ယူရာတွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် နေရာများတွင် အခက်အခဲ ကြုံတွေ့ရကြောင်းသိရသည်။

“အခုအစီအစဉ်ကတော့အရမ်းကောင်းပါတယ်၊ ဆန်ရှစ်ပြည်ဆိုတာ နည်းတာမဟုတ်ဘူးလေ၊ စာရင်းကောက်တာတော့ ကျနော်တို့ ထွေအုပ်ကနေ ဦးဆောင်ပြီးတော့ ကောက်နေတာပေါ့လေ၊ အဲဒီအပေါ်မှာတော့ ဘာမှပြောစရာမရှိပါဘူး၊ အစိုးရကနေပြီးတော့ ကောင်းသလိုလုပ်တဲ့ဟာကို အောက်ခြေက ဝန်ထမ်းတွေအနေနဲ့ အဆင်ပြေအောင် လိုက်လုပ်တယ်၊ တစ်ချို့နေရာမှာ အဆင်မပြေတာရှိကောင်းရှိနိုင်ပါတယ်၊ လက်လုပ်လက်စားဆိုတဲ့နေရာမှာ အများကြီးရှိတော့ ကောက်ရတာတော့ နည်းနည်းဂွကျတာပေါ့ဗျာ။ အဓိကတော့ ဝေးတော့ အိန္ဒိယနယ်စပ်တွေမှာလည်းနေကြတော့ ဖုန်းလိုင်းတွေ သွားရေးလာရေးတွေ အခက်အခဲတွေ နည်းနည်းရှိတော့ နည်းနည်းကြာနေတာပေါ့၊ အကုန်လုံးအဆင်ပြေအောင်တော့ လုပ်ထားပါတယ်”ဟု တွန်းဇံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဆလိုင်းထောင်းမှ ပြောသည်။

နိုင်ငံတော်အစိုးရက အိမ်ထောင်စု ၁စုလျှင် ဆန် ၈ပြည်၊ ဆီ (၅၀)ကျပ်သား၊ ပဲ(၁) ပိဿာ ၊ ကြက်သွန်(၁) ပိဿာ  စသည့် ထောက်ပံ့ကူညီမှု ၅မျိုးစီကို ဧပြီလ ၁ဝရက်နေ့ကစ အခမဲ့ ဖြန့်ဖြူးထောက်ပံ့ပေးမည်ဖြစ်သည်။

ချင်းပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးထက်က “အဲဒီဟာကို ကျနော်တို့ အစိုးရအဖွဲ့ကတိုင်ပင်ထားတာကတော့ ကန့်သတ်ချက်တွေရှိတာပေါ့၊ ပြည်ထောင်စုတစ်ခုလုံး တိုင်းနှင့်ပြည်နယ်အားလုံး တစ်ပြေးညီဖြစ်ဖို့ကို လက်လုပ်လက်စားတွေအတွက် စိစစ်ရမယ့် အချက်တွေ ရှိတယ်။ ၁၆ချက်ရှိတယ်၊ အဲဒီဟာကို မြို့နယ်တွေမှာ စိစစ်ထားပြီးတော့ မြို့နယ်ကနေ ခရိုင်၊ ခရိုင်ကနေ ပြည်နယ်ကို တင်ပြခိုင်းဖို့လုပ်ထားတယ်၊ အဲဒီကနေတင်ပြထားတဲ့စာရင်းပေါ်မူတည်ပြီးတဲ့ အချက်အလက်ကိုက်ညီတဲ့လူပဲ ထောက်ပံ့ပေးမယ်ပေါ့”ဟုပြောသည်။

ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် ထောက်ပံ့ပစ္စည်းပေးမည့် အစီအစဉ်ကို နိုင်ငံတော်သမ္မတရုံးမှ ဧပြီလ ၆ရက်နေ့တွင် ကြေညာခဲ့ခြင်းဖြစ်ပြီး အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ပြည်သူများ၊ သာသာရေးအဖွဲ့အစည်းများနှင့် ပြည်တွင်းလူမှုရေးအဖွဲ့အစည်းများ (သံရုံးများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမပါ) အတွက် အိမ်သုံးအမျိုးအစားလျှပ်စစ် ဓါတ်အားသုံးစွဲမှု (၁၅၀)ယူနစ်အထိကို ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့် (အခမဲ့) ဧပြီလကုန်အထိပေးသွားမည်ဖြစ်ကြောင်းသိရသ်ည။

April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...