COVID 19 ကြောင့် မီဇိုရမ်တစ်ပြည်နယ်လုံးကို Lockdown ချလိုက်ပြီ

COVID 19 ကြောင့် မီဇိုရမ်တစ်ပြည်နယ်လုံးကို Lockdown ချလိုက်ပြီ

လားနွန် – ကမ္ဘာတစ်လွှားဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ် COVID 19 ကူးစက်ပြန့်ပွားမှု တားဆီးကာကွယ်နိုင်ရန်အတွက် ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ် မီဇိုရမ်တစ်ပြည်နယ်လုံးကို မတ်လ ၂၂ ရက်နေ့ကစ အသွားအလာကန့်သတ်ပြီး Lockdown ချလိုက်ပြီ ဖြစ်သည်။

မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့၏ အမိန့်ထုတ်ပြန်ချက်အရ မတ်လ ၂၂ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဆေးဆိုင်နှင့် ပြည်သူများအတွက် မရှိမဖြစ် အခြေခံ လိုအပ်သော ကုန်ပစ္စည်းအရောင်းဆိုင်များမှလွဲ၍ စျေး၊ ကုန်တိုက်များနှင့် အများပြည်သူသုံး ပို့ဆောင်ဆက်သွယ်ရေး ဘတ်စ်ကားလိုင်းများ၊ မြို့တွင်းဘတ်စ်ကား၊ တက္ကစီ၊ ပုဂ္ဂလိကကိုယ်ပိုင်ကား၊ မော်တော်ဆိုင်ကယ်များပြေးဆွဲမှုများကို တစ်ပတ်ကြာ ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း အရေးပေါ် လူနာတင်ကား၊ မီးသတ်ကား၊ ပြည်သူများကို အသိပေးကြေငြာချက်များ ပေးသည့် ယာဉ်၊ သတင်းစာဆရာများ၊ အီလက်ထရောနစ်မီဒီယာများ အသုံးပြုသည့် ယာဉ်၊ COVID-19 တိုက်ဖျက်ရေးယာဉ်၊ ပြည်သူများအတွက် မရှိမဖြစ် လိုအပ်သော ကုန်သွယ်ရေးနှင့် မရှိမဖြစ် ဝန်ဆောင်မှု လုပ်ဆောင်နေသည့် ယာဉ်များ တားမြစ်ကန့်သတ်မှုတွင် မပါဝင်ကြောင်း ယင်းအမိန့်တွင် ဖော်ပြထားသည်။

မီဇိုရမ်ပြည်နယ်၏ မြို့တော် အိုင်ဇောလ်မြို့တွင် နေထိုင်သည့် မြန်မာနိုင်ငံတစ်ဦးက “ မနေ့ကစပြီး အပြင်ထွက်လို့ မရဘူးဆိုတော့ စားသောက်ကုန်တွေ ကြိုတင် ဝယ်မထားတဲ့ သူတွေအတွက်တော့ ကြာလာရင် ပြဿနာဖြစ်လာနိုင်တယ်၊ မနေ့ကပဲ စပိတ်တာဆိုတော့ လောလောဆယ်တော့ အဆင်ပြေနေသေးတယ်။ ကြာလာရင်တော့မပြောတတ်ဘူး၊ ဒီတိုင်းပဲ ကိုယ်အိမ်မှာပဲ နေနေကြတယ်’’ ဟုပြောသည်။

အိုင်ဇောလ်မြို့မှာ မြန်မာနိုင်ငံသားများ၊ အထူးသဖြင့် ချင်းလူမျိုးများ အရေအတွက် သောင်းနှင့်ချီ နေထိုင်ကြသည့်မြို့ဖြစ်ပြီး ယခုကဲ့သို့ တစ်ပြည်နယ်လုံး Lockdown ချလိုက်သည့်အတွက် အလုပ်အကိုင်၊ စားဝတ်နေရေးနှင့် ဝင်ငွေများ ထိခိုက်လာနိုင်သည်ကြောင်း ၎င်းက ဆက်ပြောသည်။

အိန္ဒိယနိုင်ငံတွင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံထားရသူ ၃၂၄ ဦး ရှိနေပြီး ၅ ဦး သေဆုံး သွားပြီဟု သိရသည်။

ကမ္ဘာတစ်ဝှမ်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ဦးရေမှာ မတ်လ၂၃ ရက် နေ့လယ် ၁၁ နာရီအထိ အယောက် သုံးသိန်းသုံးသောင်းကျော် ရှိသွားပြီဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု Johns Hopkins တက္ကသိုလ် လေ့လာချက်တွင် ဖေါ်ပြထားသည်။

May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...