မြစ်ကြီးနားတက္ကသိုလ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် စာမေးပွဲ မဖြေလိုသူများ စာရင်းကောက်ခံရာ စာရင်းပေးသွင်းသူမရှိ

မြစ်ကြီးနားတက္ကသိုလ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် စာမေးပွဲ မဖြေလိုသူများ စာရင်းကောက်ခံရာ စာရင်းပေးသွင်းသူမရှိ

Ann - မြစ်ကြီးနားတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၏ စာမေးပွဲကို ရွှေ့ဆိုင်းပေးရန် ကျောင်းသားများ တောင်းဆိုချက်အရ ရွှေ့ဆိုင်း ဖြေဆိုလိုသူများကို စာရင်းကောက်ခံရာ မြစ်ကြီးနားတက္ကသိုလ်တွင် လာရောက်ထည့်သွင်းသူမရှိကြောင်း သိရသည်။

မြစ်ကြီးနားတက္ကသိုလ်တွင် မတ်လ ၁၈ရက်မှ စာမေးပွဲ စတင်ဖြေဆိုခဲ့ပြီး ညွှန်ကြားချက်အရ မတ်လ၁၉ရက် ဒုတိယနေ့တွင် ရွှေ့ဆိုင်းဖြေဆိုလိုသူများကို စာရင်းလာရောက်ပေးသွင်းရန် ကြေညာထားသော်လည်း လာရောက်ပေးသွင်းသူ မရှိခြင်းခြင်းကြောင်း မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက ပြောသည်။

"ဆရာကြီးတို့ ကျောင်းက မနေ့ညနေ ၅နာရီထိ စာမေးပွဲ မဖြေချင်သူတွေကို စာရင်းလာပေးဖို့ ပြောပေမယ့် စာရင်း လာပေးသူ တစ်ယောက်မှ မရှိပါဘူး" ဟု ဒေါက်တာအောင်ဝင်းက ပြောသည်။

အဆိုပါ ညွှန်ကြားချက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် ကျင်းပနေသည့် စာမေးပွဲအသီးသီးတွင် ဖြေဆိုလိုသူများအတွက် စာမေးပွဲပြီးဆုံးသည်အထိ ဖြေဆိုနိုင်ရန်နှင့် မဖြေဆိုလိုသူများအတွက် ၂၀၂၀ မေလ သိုမဟုတ် ဇွန်လတွင် စီစဉ်ပေးသွားရမည်ဟု ပါရှိသည်။

မြစ်ကြီးနားတက္ကသိုလ်တွင် စာဖြေသူကျောင်းသား၊ကျောင်းသူဦးရေ ၇၀၀၀ ဝန်းကျင်ရှိပြီး  ရိုးရိုးဖျားနာ၍ ဆေးခန်းတွင် ဖြေဆိုသူ၂ ဦး ရှိကြောင်းသိရသည်။

စာမေးပွဲကို မတ်လ ၁၈ရက်မှ စပြီး ၂၅ရက်နေ့ အထိ ကျင်းပသွားမည် ဖြစ်သည်။

စာမေးပွဲဖြေဆိုစဥ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများလည်း ပြုလုပ်ထားကြောင်းလည်း သိရသည်။

April 30, 2026
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က ယာယီပိတ်ထားတဲ့ ကာမိုင်း-ဖားကန့်လမ်းကနေ တက်လာတဲ့ ခရီးသည်ပြည်သူ...
April 29, 2026
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းအပတ်စဉ် ၁ ကနေ အိမ်ပြန်လာနိုင်တဲ့တပ်သားအရေအတွက် ၂,၀၀၀ လောက်ပဲ...
April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...