ရမ်းဗြဲမြို့နယ်တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွား

ရမ်းဗြဲမြို့နယ်တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွား

အောင်ကောင်းဇော် — ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်ဆောက်ကျေးရွာအနီးတွင်  ဖေဖော်ဝါရီလ ၂၀ ရက် ၊နံနက် ၈ နာရီ ကျော်ခန့်က မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရွာအုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ချေက DMG သို့ပြောသည်။

နံနက် (၈)နာရီကျော်ခန့်က တစ်ကြိမ် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး၊ နံနက် (၉)နာရီတွင် တစ်ကြိမ် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် တပ်မတော်ယာဉ်တစ်စီး ထိခိုက်မှုရှိခဲ့သည်ဟု ဦးနိုင်နိုင်ချေက ပြောသည်။

“ကျနော်တို့နေတဲ့နေရာနဲ့ ပေါက်ကွဲတဲ့နေရာ တစ်မိုင်တောင်မဝေးဘူးဗျ။ ပေါက်တာက မနက် ၈နာရီလောက်မှာ တစ်ကြိမ်ပေါက်တယ်။ နောက်တပ်မတော်ကားလာတယ်။ ၉ နာရီကျော်လောက်မှာ တပ်ကားလာတော့ ထပ်ပေါက်တယ်။ နောက်ကကားကို ထိတယ်လို့ကြားတယ်။ ကျနော်တို့လည်း သွားမကြည့်ရဲဘူး။ ပြီးတော့ သေနတ်ပစ်ခတ်သံတွေလည်းကြားတယ်။ အခုတော့ ကျနော်တို့ရွာအနားမှာ လုံခြုံရေးတွေ ချထားတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိရန်အတွက် ရမ်းဗြဲမြို့နယ်မှူးရုံးကို ဆက်သွယ်ရာတွင် လောလောဆယ် မသိရှိသေးကြောင်း ပြောသည်။

ထို့ပြင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို DMG ကဆက်သွယ်ခဲ့ရာတွင် ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် မြောက်ပိုင်းမြို့နယ်အများစုတွင် တိုက်ပွဲဖြစ်ပွားမှုရှိပြီး တောင်ပိုင်းမြို့နယ်များအနက် အမ်းမြို့နယ်၊ ကျောက်ဖြူမြို့နယ်မှလွဲ၍ ရမ်းဗြဲ၊ မာန်အောင် စသည့်မြို့နယ်များတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဖူးသေးပေ။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...