လယ်ယာမြေများတွင် ရွှေ တရားမဝင် တူးဖော်နေ

လယ်ယာမြေများတွင် ရွှေ တရားမဝင် တူးဖော်နေ

ဟုမ္မလင်းမြို့နယ် ကွန်းသောင်းအုပ်စု ဟဲခမ်းကျေးရွာရှိ လယ်ယာမြေများကြားတွင် ရွှေ တရားမဝင် တူးဖော်မှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

တူးဖော်နေသည့် ကုမ္ပဏီများမှာ မြန်မာမောင်နှင့် လင်းလက်ရောင်ကုမ္ပဏီတိို့ ဖြစ်ပြီး ကွန်းတောင်းကျေးရွာအုပ်စုနှင့် ဟဲခမ်းရွာသစ်ကျေးရွာတို့၏ လယ်ယာနယ်နိမိတ်ကြားတွင် လုပ်ကိုင်လျက်ရှိနေကြောင်း ဟဲခမ်းရွာသစ် အုပ်ချုပ်ရေးမှူး ဦးစောမောင်က ပြောကြားသည်။

“လယ်ယာကြားလို့သာ ပြောတာ၊ ဘာမှ မသုံးရတဲ့ နေရာစိမ်း တောနေရာကြီး။ နွေစပါးလည်း မရ၊မိုးစပါးလည်း မရ၊ယာလည်း လုပ်လို့မရတဲ့ နေရာ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ ရွှေမျှောများသည် တောင် သူများ၏ လယ်ယာစိုက်ပျိုးမြေများကြား ဖြစ်နေသောကြောင့် လယ်ယာမြေများ ပျက်စီးလာနိုင်သဖြင့် တောင်သူလယ်သမားများ ကန့်ကွက်သင့်ကြောင်း တရားမဝင် ရွှေတူးဖော်မှု ပပျောက်ရေး ဆောင်ရွက်နေသူ ဒေါ်စန်းစန်းဝင်းက ပြောသည်။

“ကျွန်တော်တို့ လယ်မှီးဘက်မှာဆို မုရင်းလယ် လုပ်ထားတယ်။အဲဒီကနေ အောက်ဘက်လုပ်ပြီး ဆင်းသွားမှာ၊ လောလောဆယ်တော့ ကျွန်တော်တို့ လယ်ကိုတော့ မပါသေးဘူး၊ အောက်ပိုင်းလယ်က လယ်တွေဆို မျှောမှီးရေကတော့ သွားမှာပဲ။ နောက်ပိုင်းဆို ပျက်မှာပဲ”ဟု ဟဲခမ်းရွာသစ်မှ လယ်သမားဦးစံညွှန့်က ပြောသည်။

အဆိုပါရွှေမျှောများသည် လတ်တလော ရေရရှိမှုအခက်အခဲများကြောင့် လုပ်ငန်း ရပ်ထားကြောင်း ဦးစံညွှန့်က ပြောကြားသည်။

“လယ်ယာတွေ ပျက်တဲ့အထိတော့ ကျွန်တော်တို့လည်း ကြည့်မနေပါဘူး။ အခုဟာ လောလောဆယ် ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လယ်တွေ သူတို့အနေနဲ့ သဘောတူလို့ လုပ်ခိုင်းထားတဲ့ပုံစံ”ဟု အုပ်ချုပ်ရေးမှူး ဦးစောမောင်က ဆိုသည်။

ရွှေ တူးဖော်နေသော မြန်မာမောင် ကုမ္ပဏီနှင့် လင်းလက်ရောင်ကုမ္ပဏီနှစ်ခုသည် အစိုးရမှ လုပ်ပိုင်ခွင့် ချထားခြင်းမရှိသေးသည့်ကုမ္ပဏီဖြစ်ကြောင်း ဟုမ္မလင်းမြို့နယ် သတ္ထုတွင်းဌာနမှ ဦးအောင်ကျော်ထွန်းက ရှမ်းနီအသံ မေးမြန်းမှုကို ဖြေကြားထားသည်။

July 4, 2026
ပြည်တွင်း၌ ဓာတ်ဆီနှင့် ဒီဇယ်တစ်လီတာလျှင် ကျပ် ၃,၀၀၀ ကျော်အထိ ဈေးနှုန်းများ ကျဆင်းနေသော်လည်း...
၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...
July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...