အမ်းမြို့နယ်တွင် ရဲဒုတပ်ကြပ်တစ်ဦး အသတ်ခံရ

အမ်းမြို့နယ်တွင် ရဲဒုတပ်ကြပ်တစ်ဦး အသတ်ခံရ

ကျော်သူဌေး — ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကဇုကိုင်းကျေးရွာတွင် ရဲဒုတပ်ကြပ်တစ်ဦး ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ ညနေ ၃ နာရီခန့်က ဓားထိုးခံရပြီး သေဆုံးသွားသည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူမှာ ကဇုကိုင်းရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ဒုတပ်ကြပ် ထွန်းထွန်းနိုင်ဖြစ်ပြီး စတိုးဆိုင်တစ်ဆိုင်သို့ ဆိုင်ကယ်ဖြင့် စျေးဝယ်ရန်သွားစဉ် အမည်မသိလူတစ်ဦးက ဆိုင်ကယ်ဖြင့်လိုက်လာပြီး စတိုးဆိုင်အနီးတွင် ဓားဖြင့်ထိုးသတ်ခဲ့ခြင်းဟု ၎င်းက ပြောသည်။

“စျေးဆိုင်မှာ စျေးဝယ်ဖို့ဆိုင်ကယ်နဲ့သွားတယ်။ အဲဒီမှာ အမည်မသိသူတစ်ဦးက ဆိုင်ကယ်နဲ့လိုက်လာပြီး ဓားနဲ့ထိုးသွားတယ်။ အဲဒီနေရာမှာပဲ သေသွားပါတယ်” ဟု အဆိုပါ အမည်မဖော်လိုသူကဆိုသည်။

သေဆုံးသူမှာ ဘယ်ဖက်ရင်အုံတွင် ဓားဒဏ်ရာ ၁ ချက်၊ ရင်ဝတွင် ၁ ချက်၊ ပါးပြင်တွင် ၁ နှင့်လည်ပင်းတွင် ၁ ချက် စုစုပေါင်းထိုးသွင်းဒဏ်ရာ (၄)ချက်ဖြင့် သေဆုံးသွားသည်ဟု ဒေသခံများထံက သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အမ်းမြို့မရဲစခန်းမှ ဒုရဲမှူးအေးမင်းကို ဆက်သွယ်ရာတွင် ဖြေကြားခြင်းမရှိပေ။

အဆိုပါအမှုနှင့်ပတ်သက်ပြီး အမည်မသိသူကို အမ်းမြို့မရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က)/၅၄တို့ဖြင့် အမှုဖွင့်လှစ်ထားသည်ဟု သိရသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...