ဒီရေတောများ ခုတ်လှဲရောင်းချသည်ဟုဆိုကာ အရေးယူပေးရန် တိုင်ကြား

ဒီရေတောများ ခုတ်လှဲရောင်းချသည်ဟုဆိုကာ အရေးယူပေးရန် တိုင်ကြား
ငပြီကျွန်းကျေးရွာတွင် ခုတ်လှဲခံထားရသည့် ဒီရေတောများကို တွေ့ရစဉ်။ (ဓာတ်ပုံ - DMG)
ငပြီကျွန်းကျေးရွာတွင် ခုတ်လှဲခံထားရသည့် ဒီရေတောများကို တွေ့ရစဉ်။ (ဓာတ်ပုံ - DMG)

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ငပြီကျွန်းကျေးရွာအုပ်စု၊ သရက်တောကျေးရွာရှိ ဒီရေတောများကို ပုဇွန်ကန်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ခုတ်လှဲရောင်းချနေသည်ဟုဆိုကာ ရဲစခန်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ရွာသားများက တိုင်ကြားလိုက်သည်။

စစ်တွေမြို့မှ ဦးစောထွန်းအောင်ဆိုသူမှာ ငပြီကျွန်းအနောက်ဘက်ကမ်းခြေ၌ ပုဇွန်ကန်တစ်ကန်ရှိပြီး ယင်းကန်ကို ဦးမောင်သိန်းဆိုသူက ငှားရမ်းလုပ်ကိုင်နေသည်။ ယင်းပုဇွန်ကန်နှင့်ကပ်လျက် ကမ်းခြေတစ်လျှောက်လုံးတွင် သစ်ပင်ကြီးများ၊ ဒီရေတောများရှိပြီး လက်ရှိတွင် (၁၂)ဧကခန့်ကို ခုတ်လဲှထားသည်ကို တွေ့ရသည်ဟု ဒေသခံ များထံက သိရသည်။

ငပြီကျွန်းကျေးရွာအုပ်စုတွင် ရွာသုံးရွာရှိပြီး လူဦးရေ (၃၄၀၀)ကျော်နေထိုင်သည်။ ယင်းရွာကို ရေပတ်လည် ဝိုင်းရံထားသောကြောင့် ဒီရေတောများသည် သဘောဘေးအန္တရာယ်ကို ကာကွယ်ရန်အတွက် အရေးပါကြောင်း ဒေသခံများက ပြောသည်။

“ သရက်တောကျေးရွာဟာ မြေနိမ့်ပိုင်းဖြစ်တဲ့အတွက် ဒီရေတောတွေမရှိဘူးဆိုရင် ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းတစ်လုံးဖြစ်တိုင်း ကျနော်တို့ကျေးရွာကို အချိန်မရွေး လေ၊ လှိုင်းတွေ ဝင်လာနိုင်တဲ့အတွက် ရွာသားတွေက စိုးရိမ်ကြောက်လန့်တကြီးဖြစ်နေကြတယ် ” လို့ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးမောင်သန်းညွှန့်ကေ ပြာသည်။

ဒီရေတောများကို ခုတ်လှဲမှုနှင့်ပတ်သက်ပြီး မြို့နယ်ရဲစခန်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတို့အပြင် မြို့နယ်သစ်တောဦးစီးဌာနသို့လည်း တိုင်ကြားထားကြောင်း ဒေသခံများထံက သိရသည်။

ရွာသားများ၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး ပုဇွန်ကန်ပိုင်ရှင် ဦးစောထွန်းအောင်က “ခုတ်တာကလည်း အဲ့လောက်ထိလည်း မဟုတ်ဘူး။ တာဆည်တဲ့သဘောက နှစ်ကြာလာတဲ့အခါ မြေကွဲလာတယ်။ အဲ့ဒါကြောင့် နဂိုရှိနေတဲ့ အပင်တွေကို ခုတ်ပေးတဲ့သဘောပါ။ အဲ့လောက်ထိလည်းပြဿနာမရှိဘူး” ဟု ပြောသည်။

တိုင်ကြားခံရသူ ဦးမောင်သိန်းကို DMG က ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...