ယခုနှစ်အတွင်း တီးတိန်မြို့နှင့် ပတူပီမြို့ မဟာဓါတ်အားလိုင်း ပေးမည်

ယခုနှစ်အတွင်း တီးတိန်မြို့နှင့် ပတူပီမြို့ မဟာဓါတ်အားလိုင်း ပေးမည်

Salai C.Lian - ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နှင့် ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့တွင် ၂၀၂၀ ခုနှစ်အတွင်း မဟာဓါတ်အားလိုင်းပေးနိုင်ရန် အပြီးအစီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်း လျန်လွယ်က ပြောသည်။

“ကျွန်တော်တို့ ပြည်နယ်ဘတ်ဂျက်၊ ပြည်ထောင်စုဘတ်ဂျက်နဲ့ ဂျပန်နိုင်ငံ ချေးငွေ သုံးခုပေါင်းပြီး ချင်းပြည်နယ် ၉ မြို့လုံး လျှပ်စစ်မီးရအောင် ဆောင်ရွက်နေပါတယ်၊ ဒီနှစ်အတွင်းမှာတော့ တီးတိန်နဲ့  မတူပီကိုတော့ ရအောင် ကြိုးစားနေတယ်၊ မတူပီမြို့အတွက်ကတော့ လုပ်ငန်း ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီ၊ တီးတိန်ကိုတော့ ၅၀ ရာခိုင်နှုန်း ပြီးနေပြီ၊ တီးတိန်ကျတော့ ချေးငွေနဲ့ လုပ်ရတာဆိုတော့ လုပ်ငန်းက လိုအပ်သလောက် မမြန်နိုင်ဘူး ဖြစ်နေတယ်” ဟု ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

ထို့ပြင် မဟာဓါတ်အားလိုင်းရရှိသည့် မြို့များအနီးပတ်ဝန်းကျင် ကျေးရွာများကိုလည်း လိုင်းအားပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

“တီးတိန်မြို့ မဟာဓါတ်အားလိုင်းရောက်ရင်တော့ ရိဒ်မြို့ကိုလည်း ဆက်ပေးသွားမယ်၊ ပြီးတော့ ဒုတိယအသုတ်အနေနဲ့ တွန်းဇံမြို့နဲ့ ကျီခါးမြို့ကို ဆက်ပေးဖို့ ရှိတယ်၊ နိုင်ငံခြားအထောက်အပံ့လည်းပါတော့ ကိုယ်လိုချင်သလောက် အလုပ်မဖြစ်ဘူး၊ မီးကြိုးဝယ်တာကအစ နှောင့်နှေးနေတယ်၊ ၂၀၂၄ မှာတော့ တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့  ရနိုင်တော့မယ်” ဟု ဝန်ကြီးချုပ်က ဆိုသည်။

လက်ရှိတွင် ချင်းပြည်နယ်ရှိ ၉ မြို့နယ်အနက် ဟားခါးမြို့၊ ထန်တလန်မြို့၊ ဖလမ်းမြို့၊ မင်းတပ်မြို့နှင့် ကန်ပလက်မြို့တို့ မဟာဓါတ်အားလိုင်း ရရှိထားပြီး မတူပီမြို့၊ တီးတိန်မြို့၊ တွန်းဇံမြို့နှင့် ပလက်ဝမြို့တို့ ကျန်နေသေးကြောင်း သိရသည်။

ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...
August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...