လုယက်ခံရသည့် ပညာရေးဝန်ထမ်းများ၏ လစာ ပြန်လည်ရရှိ

လုယက်ခံရသည့် ပညာရေးဝန်ထမ်းများ၏ လစာ ပြန်လည်ရရှိ

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ရှိ ကျေးရွာ နှစ်ရွာမှ ပညာရေးဝန်ထမ်းများအတွက် ထုတ်ယူလာသည့် လစာ ကျပ် သိန်း (၂၀) ကို ဖေဖော်ဝါရီ  ၅ ရက်နေ့က အမည်မသိ လက်နက်ကိုင်အဖွဲ့က လုယူခဲ့သော်လည်း ဖေဖော်ဝါရီ ၆  ရက် မွန်းလွဲပိုင်း (၂) နာရီခန့်တွင် ပြန်လည်ပေးအပ်ခဲ့သည်ဟု ပလက်ဝမြို့နယ် ပညာရေးမှူးထံမှ သိရသည်။

ပလက်ဝမြို့နယ် စပစ်ပြင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် တရွှန်အိုင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) ပညာရေးဝန်ထမ်းများအတွက် ထုတ်ယူလာသော လစာငွေ သိန်း (၂၀) ကို  မောင်နှမကျေးရွာအနီးတွင် အမည်မသိ လက်နက်ကိုင်အဖွဲ့က လုယူခဲ့ခြင်း ဖြစ်သည်။

အဆိုပါလုယူသွားသည့် လက်နက်ကိုင်အဖွဲ့မှာ မည်သည့်အဖွဲ့ဖြစ်သည်ဟု မသိရသော်လည်း  ဖေဖော်ဝါရီ ၆  ရက်  မွန်းလွဲပိုင်း ၂ နာရီခန့်က ကျေးရွာတာဝန်ရှိသူများထံ ပြန်လည်ပေးအပ်ခဲ့သည်ဟု ပလက်ဝမြို့နယ် ပညာရေးမှူး ဆလိုင်းအောင်မင်းက ပြောသည်။

“သူတို့က ရွာကလူကို ဖုန်းခေါ်ပြီးတော့ ယူခိုင်းတယ်။ ပြန်ပြီးတော့ ဒီနေ့(ဖေဖော်ဝါရီ ၆  ရက်) နေ့လည် ၂ နာရီမှာ ငွေကြေးအားလုံး ပြန်လည်ရရှိပါပြီ။ ကျနော်တို့ မြို့နယ်ရုံးကို အကြောင်းကြားလာပါတယ်’’ ဟု ဆလိုင်းအောင်မင်းက ပြောသည်။

အဆိုပါလက်နက်ကိုင်အဖွဲ့၏ လုယူသွားသည့် ငွေကြေးပမာဏမှာ ပညာရေးဝန်ထမ်းများ၏ လစာအပြင် တရွှန်အိုင်ကျေးရွာ ရဲစခန်းဝန်းထဲတွင် တည်ဆောက်နေသည့် အဆောက်အဦးအတွက် အသုံးပြုမည့် ငွေကြေးများလည်း ပါဝင်ပြီး စုစုပေါင်း သိန်း ၄၀ သိန်းရှိသည်ဟု ပလက်ဝမြို့နယ် ရဲစခန်းထံမှသိရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော် ဆက်နွယ်မှုရှိနိုင်သည်ဟု ဒေသခံများက ယူဆကြသော်လည်း ခိုနူမ်းသုန်သတင်းဌာနက ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ဆက်သွယ်သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ စစ်မက်ဖြစ်ပွားရာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သည် ယခုညမထွက်ရ ပုဒ်မ ၁၄၄ကို ထုတ်ပြန်ထားပြီး၊ အင်တာနက်လိုင်းကိုလည်း ဖေဖော်ဝါရီ ၃ ရက် ည ၁၀ နာရီခန့်က ဖြတ်တောက်ထားခဲ့ခြင်းကြောင်း Wave Money ဖြင့် ငွေအထုတ်/အပို့လုပ်ခြင်းမှာလည်း အင်တာနက်လိုင်းမရှိ၍ ယာယီ ရပ်ဆိုင်းထားရကြောင်း သိရသည်။

May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...