ဘူးသီးတောင်မြို့နယ်တွင် ကျည်ထိမှန်မှုကြောင့် မွတ်ဆလင်တစ်ဦး ဒဏ်ရာရ

ဘူးသီးတောင်မြို့နယ်တွင် ကျည်ထိမှန်မှုကြောင့် မွတ်ဆလင်တစ်ဦး ဒဏ်ရာရ

ဝင်းညွန့်၊ ချလူးအောင် - ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဆင်သည်ပြင်ကျေးရွာမှ မွတ်ဆလင်တစ်ဦး ဖေဖော်ဝါရီလ ၅ ရက်နေ့၊ နံနက် ၈ နာရီကျော်ခန့်က ကျည်ထိမှန်မှုကြောင့် ဒဏ်ရာရရှိသွားသည်ဟု မိသားစုဝင်များထံက သိရသည်။

ဒဏ်ရာရရှိသူမှာ အသက် (၃၀)အရွယ် အာမာနူလာဆိုသူဖြစ်သည်။ ဖခင်ဖြစ်သူနှင့်အတူ ထင်းထမ်း၍လာစဉ် ရွာအနီးတွင် ပစ်ခတ်ခံရ၍ ခြေထောက်တွင် ဒဏ်ရာရရှိသွားသည်ဟု ဖခင်ကာလာက DMG သို့ ပြောသည်။

“ရွာမှာထင်းရှားတဲ့အတွက် ကျွန်တော့်သားနဲ့ ထင်းတုံးတစ်ခုကို နှစ်ယောက်ထမ်းသွားတဲ့အချိန်မှာ ၃၁ ဘုံက စစ်တပ်ကပစ်လိုက်လို့ ခြေထောက်မှာကျည်ထိမှန်သွားခဲ့ရတယ်” ဟု ၎င်းကဆိုသည်။

ဖေဖော်ဝါရီလ ၅ ရက် ညက ၃၁ ဘုံစေတီနှင့် ဥယျာဉ်သာကျေးရွာကြားတွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတွင် ဒဏ်ရာရရှိသွားသည့် AA တပ်ဖွဲ့ဝင်ကို ထမ်းယူလာသည်ဟု ထင်မှတ်၍ ပစ်ခတ်ခြင်းဟု တပ်မတော်ဘက်က ပြောကြားခဲ့ကြောင်း ဖခင်ဖြစ်သူက ဆက်လက်ပြောသည်။

သို့သော် ယင်းအရပ်သားကို ပစ်ခတ်ခြင်းမရှိဟု အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက RFA သို့ ဖြေထားသည်ကို တွေ့ရသည်။

၎င်းကို ဘူးသီးတောင်ဆေးရုံတွင် ဆေးကုသရန်ပို့ဆောင်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်သည့်အတွက် မောင်တောဆေးရုံသို့ ပို့ဆောင်ထားသည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA ကြား တိုက်ပွဲပြင်းထန်နေပြီး အရပ်သားထိခိုက်မှုလည်း များပြားလာနေသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...