သက်တမ်းကုန် စားသောက်ကုန်ပစ္စည်း သိမ်းဆည်းခြင်းသည် ပြည်သူများကို သတိပေးခြင်းဖြစ်ပြီး နောက်ပိုင်းတွင် အရေးယူမည်

သက်တမ်းကုန် စားသောက်ကုန်ပစ္စည်း သိမ်းဆည်းခြင်းသည် ပြည်သူများကို သတိပေးခြင်းဖြစ်ပြီး နောက်ပိုင်းတွင် အရေးယူမည်

ချင်းပြည်နယ်အတွင်းရှိ သက်တမ်းကုန် အလှ/စားသောက်ကုန်များကို စစ်ဆေးလျက်ရှိပြီး သက်တမ်းကုန်ပစ္စည်းများ သိမ်းဆည်းခြင်းသည် ပြည်သူများကို သတိပေးခြင်းဖြစ်ကာ နောက်ပိုင်းတွင် အရေးယူမှုများပြုလုပ်သွားမည် ဖြစ်ကြောင်း ချင်းပြည်နယ် ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန တာဝန်ခံဒေါက်တာ Joseph ကပြောသည်။

ဒေါက်တာ Joseph က “အခုထိကတော့ ကျွန်တော်တို့အနေနဲ့ကတော့ ဆေးဝါးဖြစ်ဖြစ်၊ စားသောက်ကုန်ဖြစ်ဖြစ်၊ အလှကုန်ဖြစ်ဖြစ် ပစ္စည်းသိမ်းတာလောက်ကိုပဲ ကျွန်တော်တို့လုပ်တယ်၊ ဘယ်လိုအရေးယူဖို့ ဆိုတာမျိုးကတော့ ကျွန်တော်တို့ ဆွေးနွေးပြင်ဆင်နေတုန်းဖြစ်တယ်၊ အခုက ပြည်သူတွေကို သတိပေးတာဖြစ်တယ်” ဟု ပြောသည်။

ချင်းပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှာ ဇန်နဝါရီလအတွင်း ၁၇ ဆိုင်စစ်ဆေးခဲ့ရာ သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်းတန်ဖိုး ခန့်မှန်း ကျပ် ၁၂၀၀၀၀၀ ခန့်သိမ်းဆည်းရမိကြောင်း ချင်းပြည်နယ် FDA လူမှုကွန်ယက် စာမျက်နှာတွင် ဖော်ပြထားသည်။

ချင်းပြည်နယ်အတွင်းရှိ အလှ/စားသောက်ကုန်ရောင်းသည့် ဆိုင်များကို ပြည်နယ်မှ ဦးဆောင်ပြီး ဟားခါးမြို့နယ်၊ ခရိုင်အဆင့်များကလည်း သက်တမ်းလွန်နှင့် စားသင့်မစားသင့်စားသောက်ကုန်များကို စစ်ဆေးမှုပြုလုပ်နေကြောင်း သိရသည်။

ဒေါက်တာ Joseph က “ကျွန်တော်တို့ စစ်ဆေးတဲ့ချိန်မှာကတော့ ကျွန်တော်တို့ အဓိကတွေ့တာကတော့ သက်တမ်းကုန်တဲ့ဟာတွေများတယ်၊ တစ်ချို့ကတော့ သက်တမ်း ၂ နှစ်လွန်တာမျိုးကိုလည်း တွေ့ရတယ်၊ သုံးစွဲရန်မသင့်ကတော့ အဲလောက်ကြီး မတွေ့ရဘူး၊ သက်တမ်းကုန်ဆုံးတဲ့ဟာတွေကတော့ ဆိုးကျိုးဘာဖြစ်မလဲဆိုတာတော့ ပြောလို့မရဘူး၊ အကုန်လုံးကို မီးရှို့တယ်၊ အလှကုန်ကတော့ ကျွန်တော်တို့ တစ်လကို တစ်ကြိမ်စစ်ဆေးတယ်၊ ဆေးဆိုင်ကလည်း တစ်လ တစ်ကြိမ်၊ စားသောက်ကုန်တွေကိုတော့ တစ်လ နှစ်ကြိမ် စစ်ဆေးတယ်” ဟု ပြောသည်။

နေပြည်တော်ရှိ FDA ဌာနချုပ်ရုံးမှ စားသုံးရန် မသင့်သည့် အစားအစာများစာရင်းကို ၃ လတစ်ကြိမ် ထုတ်ပြန်လေ့ရှိပြီး ချင်းပြည်နယ်အတွင်းတွင်မူ စားသုံးရန်မသင့်သည့် အစားအသောက်မရှိပဲ သက်တမ်းလွန်သည့်အစားအသောက်များကို အဓိကတွေ့ရှိရကြောင်းသိရသည်။

April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...