ဖမ်းဆီးခံ Mytel ဝန်ထမ်းနှစ်ဦးကို AA လွှတ်ပေး

ဖမ်းဆီးခံ Mytel ဝန်ထမ်းနှစ်ဦးကို AA လွှတ်ပေး
AA က ပြန်လွှတ်ပေးလိုက်သည့် ဦးဇော်ထွန်းအောင် နှင့် ဦးစောသိန်းမောင် (ဓာတ်ပုံ - AA)
AA က ပြန်လွှတ်ပေးလိုက်သည့် ဦးဇော်ထွန်းအောင် နှင့် ဦးစောသိန်းမောင် (ဓာတ်ပုံ - AA)

ဝင်းညွန့်  - ဖမ်းဆီးထားသည့် Mytel ဝန်ထမ်းနှစ်ဦးကို  ဇန်နဝါရီလ ၂၉ ရက်နေ့၊ နံနက်ပိုင်းတွင် ပေါက်တောမြို့နယ်၊ မနော်သီရိကျေးရွာတွင် ပြန်လွှတ်ပေးလိုက်ပြီဟု ရက္ခိုင့်တပ်တော်(AA)ထံမှ သိရသည်။

Mytel ကုမ္ပဏီ ခေတ္တတွဲဖက်ဒါရိုက်တာ ဦးဇော်ထွန်းအောင်နှင့် ယာဉ်မောင်း ဦးစောသိန်းမောင်တို့ကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်နေ့က မင်းပြား-ကျောက်တော်ကားလမ်းရှိ တောင်ပေါက်ကျေးရွာအနီးတွင် “မသင်္ကာ” ဟုဆိုကာ AA က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“သူတို့ကို မသင်္ကာလို့ ယာယီထိန်းသိမ်းထားတယ်။ ထိန်းသိမ်းထားတဲ့ကြားကာလမှာ တပ်မတော်ဘက်ကနေ ထိုးစစ်ဆင်မူတွေရှိနေလို့ လွှတ်ပေးမယ့်အချိန် ကြန့်ကြာသွားတယ်။ ဒီနေ့ မနက်ပိုင်းကတော့ ကောင်းကောင်းမွန်မွန် လွှတ်ပေးလိုက်တယ်” ဟု AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက DMG သို့ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်နေ့ကလည်း တပ်မတော်ဘက်မှ တပ်ကြပ်အဆင့်ရှိသူနှစ်ဦးကို ပလက်ဝမြို့နယ်အတွင်းတွင် AA ကပြန်လွှတ်ပေးခဲ့သည်။

မိမိတို့ထိန်းသိမ်းထားသူများအနက် အပြစ်မရှိသောသူများ၊ ကျန်းမာရေးမကောင်းသူများ၊ စစ်ဖက်နှင့်သက်ဆိုင်ခြင်းမရှိသောသူအချို့ကို သင့်တော်သောနေရာနှင့် အချိန်တို့ကို ရွေးချယ်ပြီး ထပ်မံလွှတ်ပေးသွားမည်ဟုလည်း AA က သတင်းထုတ်ပြန်ထားသည်။

တစ်ဖက်တွင်လည်း နိုင်ငံရေးနှင့်ဆက်စပ်ပြီး ပုဒ်မအမျိုးမျိုးဖြင့် ဖမ်းဆီးထားသည့် ရခိုင်ပြည်သူများနှင့် မိမိတို့တပ်ဖွဲ့ဝင်များကို အစိုးရဖက်က လွှတ်ပေးမည်ဆိုပါက မိမိတို့ ဖမ်းဆီးထားသည့် အစိုးရဖက်မှ လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးမည်ဟု AA က ထုတ်ပြန်ချက်ထုတ်ကာ ကမ်းလှမ်းထားသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...