“ရခိုင်တွင် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိ”သတင်းများမှာ “သတင်းမှား”သာ ဖြစ်

“ရခိုင်တွင် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိ”သတင်းများမှာ “သတင်းမှား”သာ ဖြစ်

လတ်တလော Facebook လူမှုကွန်ရက်စာမျက်နှာပေါ်တွင် “ရခိုင်ပြည်နယ်အစိုးရပေါ့ဆမှုကြောင့် ဝူဟန်ဗိုင်းရပ်စ်ကူးစပ်လူနာ ၁ ဦး သေဆုံး” နှင့် “ရခိုင်ပြည်နယ်အစိုးရကွယ်ဝှက်မှုကြောင့် ဝူဟန်ဗိုင်းရပ်စ်ကူးစပ်လူနာ ၁ ဦး သေဆုံး” ဟူသည့် ခေါင်းစီးနှစ်ခုဖြင့် သတင်းမှားတစ်ခု ပျံ့နှံ့လျက်ရှိသည်။

ရခိုင်ပြည်နယ်အစိုးရပေါ့ဆမှုကြောင့် ဝူဟန်ဗိုင်းရပ်စ်ကူးစပ်လူနာ ၁ ဦး သေဆုံး ခေါင်းစီးပါသတင်းကို kalawnaryisin.com ဆိုသည့် Blog မှာ တင်ထားခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်အစိုးရကွယ်ဝှက်မှုကြောင့် ဝူဟန်ဗိုင်းရပ်စ်ကူးစပ်လူနာ ၁ ဦး သေဆုံး ခေါင်းစီးပါသတင်းကို justnowmm.com Blog တွင် တင်ထားသည်ကို တွေ့ရသည်။

ယင်းအကြောင်းအရာများကို လေ့လာကြည့်ရာ မိမိတို့ DMG သတင်းဌာနက ရေးသားထားသည့် အမ်းမြို့နယ်တွင် ကလေး(၅၀)ဦးခန့်ဖျားနေပြီး ဆေးလာကုသည့် (၄)ဦးကို ဝက်သက်သံသယလူနာဟု ဆေးရုံကသတ်မှတ် ဆိုသည့် သတင်းကို ခေါင်းစီးပြောင်းပြီး တင်ထားသည်ကို လေ့လာတွေ့ရှိရပါသည်။

ခေါင်းစီးမှလွဲ၍ သတင်းတစ်ပုဒ်လုံးကို ကူးယူဖော်ပြထားသည်သာမက DMG Logo ပါသည့် ဓာတ်ပုံကိုလည်း ဖြတ်ညှပ်ကပ်လုပ်ပြီး ၎င်းတို့၏ Logo များကို ရေးထိုးထားသည် တွေ့ရသည်။

မိမိတို့ဌာနက ရေးသားခဲ့သည့် သတင်းတွင် အမ်းမြို့နယ်၊ သလူမော်ကျေးရွာမှ ကလေး (၅၀)ဦးခန့် ဖျားနာနေပြီး ယင်းအထဲမှ ကလေး (၄)ဦးကို ကျောက်ဖြူခရိုင်ဆေးရုံသို့ ပို့ဆောင်ဆေးကုသနေသည်။

ယင်း(၄)ဦးကို “ဝက်သက်သံသယလူနာ”က ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံက သတ်မှတ်ထားသည်။ ဝက်သက်သံသယလူနာ (၄)ဦးအနက် တစ်ဦးသေဆုံးသွားခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်းရှိ ကျန်းမာရေးဌာနများကို DMG ၏ စုံစမ်းမှုအရ ရခိုင်တွင် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခြင်း မရှိသေးပေ။ သို့သော် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နေသည်ဟု သိရသည်။

ယခုကဲ့သို့ မိမိတို့သတင်းဌာနမှ သတင်းများကို ကူးယူပြီး ပြည်သူများထိတ်လန့်စေမည့် သတင်းအသွင် ဖန်တီးခြင်းများကို နောက်နောင်မပြုလုပ်ကြရန် သတိပေးအပ်သည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...