ဖိတ်ကြားထားသူများ ရောက်ပြီးချိန်မှ ပွဲကျင်းပခွင့် ပိတ်ပင်မှုအပေါ် ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ရှုတ်ချ

ဖိတ်ကြားထားသူများ ရောက်ပြီးချိန်မှ ပွဲကျင်းပခွင့် ပိတ်ပင်မှုအပေါ် ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ရှုတ်ချ

ချင်းပြည်နယ် မင်းတပ်မြို့တွင် ကျင်းပရန် စီစဉ်ထားသည့် ချင်းအမျိုးသားများ ပိုမိုညီညွတ်ငြိမ်းချမ်းရေးဆိုင်ရာ ဒေသနှင့်လူမှုပတ်ဝန်းကျင်ငြိမ်းချမ်းဖွံ့ဖြိုးညီညွတ်ရေး အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲအတွက် ဖိတ်ကြားထားသည့် ဧည့်သည်များ ရောက်ရှိပြီးချိန်မှ ပြည်နယ်အစိုးရက ပွဲကျင်းပခွင့်တားမြစ်သည့်အပေါ် ရှုတ်ချကြောင်း ဇန်နဝါရီ ၂၉ ရက်က မင်းတပ်မြို့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(CBC) က ကြေညာချက် ထုတ်ပြန်လိုက်သည်။

ချင်းရှာလွန်းမစ်ရှင် လုပ်ငန်းကော်မတီ ကိုယ်စားလှယ် သိက္ခာတော် ဒေးနစ်(စ်) ငွန်ထောင်းမန်းက “သူတို့လုပ်တဲ့ ပုံစံက ချင်းအမျိုးသားတပ်ဦး ပါရင် ပွဲလုပ်လို့ မရဘူးတဲ့၊ ပြီးတော့ ကျွန်တော်တို့က CNF မပါပဲ လုပ်မယ်ဆိုပြီး ပြန်ပြောလိုက်တယ်၊ သူတို့က ခွင့်မပြုပြန်ဘူး၊ နောက်ပြီး ယနေ့ ၁း၃၀  ပွဲပြန်လုပ်လို့ရတယ်။ လုပ်ပြန်တော့ ဘယ်ဖြစ်တော့မှာလဲ၊ ဒီအကြောင်းကို ကျွန်တော်တို့ ဆုံးဖြတ်ချက် အမြင့်ဆုံးဖြစ်တဲ့ CBC Board of Management မှာ ပြန်ဆွေးနွေးမယ်၊ အဲဒါပြီး ဘယ်လိုပြန်လုပ်မယ် ဆိုတဲ့ဟာတွေ ထွက်လာမယ်” ဟု ပြောသည်။

ချင်းအမျိုးသားများ စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းမှုဖော်ဆောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို ဦးတည်လျက် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့်အညီ ချင်းနှစ်ခြင်းခရစ်ယန် အဖွဲ့ချုပ်က ဆက်လက်ကျင်းပမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချင်းအမျိုးသားများ ပိုမိုညီညွတ်ငြိမ်းချမ်းရေးဆိုင်ရာ ဒေသနှင့်လူမှုပတ်ဝန်းကျင်ငြိမ်းချမ်းဖွံ့ဖြိုးညီညွှတ်ရေး အလွတ်သဘောတွေ့ဆုံ ဆွေးနွေးပွဲကို ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် ကျင်းပရန် စီစဉ်ထားပြီး ချင်းအမျိုးသားတပ်ဦးကိုယ်စားလှယ်အဖွဲ့ (၈) ဦးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ထံ ခွင့်ပြုချက်တင်ထားမှု မရမီ ပါဝင်တက်ရောက်ခွင့်ရရေးအတွက် ပြည်နယ်အစိုးရသို့ ခွင့်ပြုချက်တင်ထားဆဲဖြစ်သောကြောင့် ပိတ်ပင်ထားခြင်းဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရက ဆိုသည်။

ပွဲတွင် ချင်းအမျိုးသားတပ်ဦးအဖွဲ့ပါဝင်နေသဖြင့် NRPC  ခွင့်ပြုချက်ရမှသာ ပြည်နယ်အစိုးရအနေဖြင့် ခွင့်ပြုချက်ပေးနိုင်မည်ဖြစ်ကြောင်း အစိုးရဘက်က ပြောဆိုထားသည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...