တပ်ကြပ်အဆင့် စစ်သုံ့ပန်း(၂)ဦးကို AA ပြန်လွှတ်ပေး

တပ်ကြပ်အဆင့် စစ်သုံ့ပန်း(၂)ဦးကို AA ပြန်လွှတ်ပေး

ခင်သရဖီဦး — တိုက်ပွဲအတွင်းဖမ်းဆီးခဲ့သူများအနက် တပ်ကြပ်အဆင့် အသက်ကြီးပိုင်း စစ်သုံ့ပန်း (၂)ဦးကို ဇန်နဝါရီလ ၂၈ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီကျော်အချိန်ခန့်က ပလက်ဝမြို့နယ်၊ ကင်းတလင်းကျေးရွာတွင် ပြန်လွှတ်ပေးခဲ့ပြီဟု ရက္ခိုင့်တပ်တော်(AA) ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။

အသက် (၄၉)နှစ်အရွယ် တပ်ကြပ် မောင်ထွေးနှင့် အသက် (၅၃)နှစ်အရွယ် တပ်ကြပ်ဇော်ဇော် တို့သည် အသက်ကြီးကာ နဂိုကပင် ကျန်းမာရေးအားနည်းသူများဖြစ်သဖြင့် လူသားချင်းစာနာထောက်ထားသောကြောင့် ကင်းတလင်းကျေးရွာရှိ ရပ်မိ၊ရပ်ဖများ၏လက်ထဲတွင် ကောင်းမွန်စွာ လွှတ်ပေးခဲ့သည်ဟု AA ဘက်ကဆိုသည်။

“ဒီလူတွေကို အဓိက လွှတ်ပေးလိုက်တဲ့ ရည်ရွယ်ချက်ကတော့ သူတို့က ဖမ်းဆီးရမိတဲ့အထဲမှာ အသက်လည်းကြီးတယ်။ ကျန်းမာရေးလည်းမကောင်းဘူး။ ဒါကြောင့် လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ အခုလို လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ နောက်ပြီး လမ်းစရိတ်အနေနဲ့လည်း တစ်ယောက်ကို ထောက်ပံ့ငွေ ၅ သောင်းကျပ်စီ ပေးလိုက်တာရှိပါတယ်” ဟု ၎င်းကပြောသည်။

၎င်းတို့အပါအဝင် တပ်မ ၇၇ လက်အောက်ခံ၊ မှော်ဘီအခြေစိုက် ခမရ (၃၁၃)မှ စုစုပေါင်း (၁၃)ဦးကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က ပလက်ဝမြို့နယ်၊ ကာရမတောင်တန်းပေါ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများထဲတွင် အရာရှိတစ်ဦးလည်းပါဝင်သည်ဟု AA ထံက သိရသည်။

၎င်းတို့နှစ်ဦးကို ပြန်လွှတ်ပေးပြီးနောက် နိုင်ငံရေးနှင့်ဆက်စပ်ပြီး ပုဒ်မအမျိုးမျိုးဖြင့် ဖမ်းဆီးထားသည့် ရခိုင်ပြည်သူများနှင့် မိမိတို့တပ်ဖွဲ့ဝင်များကို အစိုးရဖက်က လွှတ်ပေးမည်ဆိုပါက မိမိတို့ ဖမ်းဆီးထားသည့် အစိုးရဖက်မှ လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးမည်ဟု AA က ထုတ်ပြန်ချက်ထုတ်ကာ ကမ်းလှမ်းထားသည်။

<><><>

(ဓာတ်ပုံ - ရက္ခိုင့်တပ်တော်)

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...